အပိုင်း(၁)

115 10 0
                                    

ဒီနေ့ အင်း တက္ကသိုလ်ပထမဆုံးတက်ရမယ့်နေ့! ထွေထွေထူးထူးရယ်လို့လည်းမဟုတ် သူများတွေလိုပျော်ပျော်လေးနဲ့ ကျောင်းစတက်ချင်မိတာတော့အမှန်! ဒါပေမယ့် ကျတော့အတွက်တော့ ဒီပျော်ရွှင်မှုဆိုတဲ့စကားလုံးက သိပ်ကိုစိမ်းနေသေးတယ်! ဒီပျော်ရွှင်မှုဆိုတဲ့အနှစ်သာရ အဓိပ္ပာယ်ကိုသိနေပေမယ့် ပြုံးရယ်ဖို့ဆိုတာက ကျတော့အတွက်ခက်ခဲနေတယ်ဗျာ

"ဟျောင့် Park Jimin! မင်း အခုချိန်ထိ အဲ့မှာဘာထိုင်လုပ်နေတာလဲ မြန်မြန်လုပ်လေကွာ ကျောင်းနောက်ကျဦးမယ်"

အခန်းဝကနေလှမ်းကြည့်ရင်း ထုံးစံအတိုင်းဆူပူကြိမ်းမောင်းနေတာကတော့ သိတဲ့အတိုင်း Kim Taehyung! ပြောရမယ်ဆို Taehyungက ကျတော့်အတွက်တော့ သူငယ်ချင်းကောင်းဗျ ငယ်ပေါင်းတွေဆိုလည်းမမှားဘူး အားငယ်တိုင်း သူ အမြဲကျတော့်ဘေးရှိနေပေးတယ်! ကျတော့အတွက်တော့ အားဆေးလိုသူငယ်ချင်းပေါ့ဗျာ မသင့်တော်တာမြင်ရင် ဝင်ဝင်ပါတတ်တဲ့အကျင့်လေးတစ်ခုတော့ရှိတယ်! စိတ်ရင်းလေးလည်းကောင်းပါ့ တစ်ခုပဲ ပေါတောတောနဲ့ကျပ်တော့သိပ်မပြည့်ချင် ဟင့်!

"ဟျောင့်! ဘာတွေတွေးနေတာလားကွာ ကဲလာ နောက်မှတွေး ရော့ လွယ်အိတ်လွယ် ကဲလာသွားမယ်"

"ဟင်?"

"ဟင်မနေနဲ့ သွားမယ်ဆို"

"အေး အေးပါကွာ ဖြည်းဖြည်းပေါ့"

ဒီလိုနဲ့ အိမ်အောက်ထပ်ကိုဆင်းလာရင်း အမေ့ကိုလှမ်းနှုတ်ဆက်ဖြစ်လိုက်တယ်

"အမေ သား သွားပြီနော်"

"အေးပါ စာကိုဂရုစိုက်လုပ် ရန်တွေလည်းမဖြစ်နဲ့ဦး ကြားလား"

"ဟုတ် အမေ သားသွားပြီနော်"

"အန်တီ သားလည်းသွားလိုက်ဦးမယ်" (သွားဖြဲရင်း)

"အေး အေး အေး ပြုံးတာတော့ပြုံးပေါ့ကွယ် သွားတော့မဖြဲပြပါနဲ့သားရယ် အန်တီကလန့်တတ်တယ်"

"အဟားဟားဟားဟားဟား"

နှစ်ယောက်သား တဝါးဝါး တဟားဟားရယ်နေလိုက်ကြတာများ အောင်မလေး ကြည့်နေတဲ့ ငါတောင်အူတိုတယ် *-* သူ့အမေလား ငါ့အမေလားတောင်မသဲကွဲ! ခဏကြာတော့ လှည့်ထွက်သွားမယ်အလုပ်

မိုးနဲ့မြေWhere stories live. Discover now