ဟန်စစ် စိတ်ထဲရေရွတ်လိုက်ရင်း အံကိုတင်း၍ ပြန်လှည့်လာလိုက်ကာ အစ်ကို့ကိုမကြည့်ဘဲ ရေပြင်ကိုသာငေးစိုက်ကြည့်နေလိုက်ပြီး

" ကျွန်တော် ပြန်နှင့်တော့မယ် "

ပြောပြီးထိုင်နေရာမှထကာ ထိုနေရာမှလှည့်အထွက် ပါးပြင်ပေါ်သို့ကျဆင်းလာသော မျက်ရည်စက်တို့ကြောင့် လှောင်ပြုံးတစ်ခုက နှုတ်ခမ်းထက်နေရာယူလေပြန်သည်။

ဟားး … မျက်လုံးက မျက်ရည်တို့ကတောင် သူ့ရဲ့စကားကို နားမထောင်တော့ပါလား

ကျဆင်းလာသော မျက်ရည်စက်တို့ကို ဟန်စစ်မသုတ်မိပေ။ ယခုမိမိခေါင်းထဲတွင် ရှိနေသည်က သူထိုနေရာမှ အမြန်ဆုံးသာ ထွက်ခွာသွားချင်မိသည်။ အစ်ကို့ရှေ့တွင် ပျော့ညံ့သောပုံစံနှင့် မနေချင်ပေ။ အတွေးနဲ့အတူ ထိုနေရာမှ ခပ်မြန်မြန်သာ ထွက်လာခဲ့လိုက်သည်။ အကွယ်ကိုရောက်တော့မှသာ ခြေလှမ်းတို့ကိုရပ်တန့်သွားကာ ခေါင်းငိုက်စိုက်သွားတော့သည်။

အစ်ကို ကျွန်တော် မှန်လောက်ပါတယ်။ အနည်းဆုံး … အနည်းဆုံးတော့ မနာကျင်ရအောင် ပြင်ဆင်ထားသင့်တယ် မဟုတ်လား။

လှည့်ထွက်သွားသော ကျောပြင်အားငေးကြည့်ရင်း လင်းခန့်စိတ်ထဲ မချိတင်ကဲဖြစ်မိသည်။ မသွားပါနဲ့လို့ ပြောလိုက်ချင်ပေမယ့် နှုတ်ခမ်းဖျားက ထွက်မလာ။ ပြေးဖက်လိုက်ချင်ပေမယ့်လည်း လူကထိုနေရာကနေ တုတ်တုတ်မျှတောင်မလှုပ်။

တစ်ဖြည်းဖြည်း ဝေးကွာသွားသော ကျောပြင်ကိုငေးကြည့်ရင်း ဖြစ်ပေါ်လာသောခံစားချက်တို့နှင့်အတူ နံဘေးက ကျောက်ခဲလုံးကိုသာ ကောက်ယူ၍ ရေကန်ထဲသို့ ပစ်ထည့်လိုက်တော့သည်။ မွန်းကြပ်မှုတို့က ပြေပျောက်သွားခြင်းမရှိ။ တင်းကျပ်နေသောစိတ်တို့ကြောင့် လင်းခန့်မြက်ခင်းပြင်တွင် လှဲချလိုက်သည်။

ဘာကြောင့်လဲ။ ဘာလို့လဲ။ မိမိတို့နှစ်ယောက်ကြား ဘာတွေက ဘယ်လိုတွေကြောင့် ဝေးကွာသွားစေခဲ့တာလဲဆိုသော အမေးများကတော့ အတွေးထဲက ထွက်မသွားချေ။

ညနေစောင်းနေပြီမို့ နေပူရှိန်လျော့သွားပေမယ့် လင်းခန့်ရင်ထဲတွင်တော့ ပူလောင်မှုတို့က မလျော့သွားချေ။ တဖြေးဖြေးတိုက်ခတ်နေသော လေညှင်းနှင့် ကန်ရေပြင်ကြောင့် ထိုနေရာက အေးချမ်းနေပေမယ့် လင်းခန့်တွက်တော့ မအေးချမ်းနေပေ။ ဟန် မင်းနဲ့ကိုယ် ဘာတွေကြောင့် ဝေးကွာလွန်းသွားရတာလဲ။

တစ်ရံရောအခါ.....Where stories live. Discover now