ကလေးပေါက်စသည်လည်း ဇ မရှိ၍ နှစ်ခွက်နှင့်ပင် တိုင်ပတ်နေလေပြီ....

" အာ...ဂျု... ရှီး...." .

ခြံထဲမှာ အလုပ်လုပ်နေသော ခြံစောင့်ဦးလေးကြီးအား အာလေးလျှာလေးနှင့် စူးနေအောင် ထအော်သဖြင့် ကိုယ်တောင်လန့်သွားရသည်ထိ....

" wae....ငယ်.... ဘာလိုလို့လဲ..."

" Arrnyi...Arrnyi ခိုခိုက ဒီအတိုင်းလေး..ငယ်ငယ့် အနားမှာနေ..ရော့ အာဂျူးရှီး.... ဒီကင်မရာနဲ့ ကျနော်နဲ့ ကျနော့ခိုခိုကို ရိုက်ပေး...".

ဘေးနားချထားသော ကင်မရာကို ယူကာ အနားရောက်လာသော ခြံစောင့်ဦးလေးကြီးအား ဓာတ်ပုံအတင်းရိုက်ခိုင်းနေငေါ အမူးသမားပေါက်စလေး....

ဒီဦးလေးတစ်ယောက်တည်းအား မွှေမည်ထင်သော်ငြား... အထင်တို့ တက်တက်စင်လွဲခဲ့လေသည်...

" ဟို...ပန်းပင်ညှပ်နေတဲ့ နူးနား..".

" ပန်းအိုးနားက အာဂျီးမားရေ.....".

" ဟို သစ်ခွပင်နားက hyung "

" ဆာကူရာပင်အောက်က အကိုကြီးတို့...."

ဤသို့ ဤသို့ ရှိသမျှလူစုံနေအောင် pose ပေါင်းစုံဖြင့် စုံတွဲဓာတ်ပုံ ရိုက်ခိုင်းလေသောကြောင့် ယောလ်သခင်ကြီး၏ အချေဂုဏ်ပုဒ်လည်း ပျက်ခဲ့ရလေသည်....
မနိုင်သည့်အဆုံ အမူးသမားလေးကို ပွေ့ချီကာ မိမိအခန်းထဲ ခေါ်လာရလေတော့သည်....
ဒါတောင် ကလေးစုတ်လေးက ဝိုင်ပုလင်းအား လက်တစ်ဖက်ကကိုင်ရင်း

" ကို့ကို ချစ်တယ် "ချည်းပြောလာနေသောကြောင့်..... ပွေ့ချီထားသော လက်တို့ပင် မခိုင်ချင်တော့....

အခန်းထဲရောက်လေတော့....

" ငယ်....ပုလင်းကြီး ဖယ်လိုက်မယ်လေနော်...".

" ဟင့်အင်း.... ငယ်သောက်ချင်သေးတာ...ကို ကျ ခု ထပ်သောက်ပြီး..."

" ငယ် ခုနသောက်ပြီးပြီလေကွာ...."

" ငယ် က အဲ့လိုသောက်ချင်တာမဟုတ်ဘူး.."

ပြောရင်းဆိုရင်း ဝိုင်ငုံထားလျက် သူပြောစကားအားနားထောင်နေသော ကျနော့ပေါင်ထက်ခွထိုင်ကာ ကျနော့ခံတွင်းထဲမှ ဝိုင်တို့အား စုပ်ယူသောက်သုံးလိုက်လေသည်....

မထင်မှတ်ထားသော အပြုအမူ နူးညံ့သောနှုတ်ခမ်းတို့ကြောင့် ဖန်ခွက်ပင် လွတ်ကျကွဲခဲ့ရလေသည်....

ဝိုင်တို့ကို အကုန်စုပ်ယူပြီးနောက် နှုတ်ခမ်းလေးကို လျှာဖြင့်သပ်ကာ ပြုံးနေသော အဆိုးလေး....

" ကို့ နှုတ်ခမ်းကချိုတယ်....ဝိုင်က ယစ်မူးတယ် အဲ့တော့ ကို့ကို ချစ်တယ်.."

ပြောရင်းနှင့် ပေါင်ပေါ်ထိုက်ရက်နှင့် ပုခုံးပေါ် မေးတင်လာသော ဂျစ်တူးလေး...

ရုတ်တရတ် လည်ဂုတ်ကို လာရိုက်ခတ်သော လေပူတို့က သတိထားမိကာ နဖူးကိုစမ်းကြည့်မိတော့ ကိုယ်တွေပူနေလေပြီ....

ငိုထားတဲ့အရှိန် ခြံထဲလေစိမ်းတိုမှုတွေကြောင့် ဖျားပြီထင်ပါတယ်...

ကြည့်လိုက်တော့ အမူးသမားလေးက ပုခုံးပေါ်အိပ်ပျော်နေလေပြီ.....
ညဘက်လည်း ရောက်စပြုလာပြီမို့ အခိုင်းအစေတစ်ယောက်ကို ခေါ်ကာ ဒီကလေးကို ဒီည ဒီမှာပဲ ဖြစ်ကြောင်း သူလေး၏ စံအိမ်သို့ အကြောင်းကြားခိုင်း ရလေသည်....
သူလေးအား မွေ့ယာပေါ် အသာချပေးပြီး နွေးထွေးအောင် လုပ်ပေးရင်း သမားတော်အား ဆင့်ခေါ်ရပြန်သည်.....

သမားတော် ပြန်သွားပြီးနောက် ဆေးတိုက်ရမည့်အခါတွင်တော့ အကြံအိုက်ရပြန်သည်....

ကလေးကိုလည်းမနှိုးရက်သဖြင့် နောက်ဆုံးတွင်တော့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရသည်.....

ဆေးတို့အား ကြွေပန်းကန်လုံးထဲ ရောဖျော်ကာ မိမိ၏ ခံတွင်းအတွင်း ငုံလိုက်ရသည်....

ကလေး၏ နုထွေးသော နှုတ်ခမ်းပါးလေးအားထိတွေ့ရင်း ဆေးတို့အား ခံတွင်းထဲရောက်အောင် ပို့ပေးလိုက်တော့ ကလေးက အိပ်ချင်မူးတူး နှင့် မျိုချလေသည်...

နူးညံ့သောအထိအတွေ့က မလွန်ဆန်နိုင်သော်ငြား..ရှေ့ဆက်မတိုးမိ.... ကလေးအား အရောင်မဆိုးရက်သေး၍ပင်....

နေမကောင်းသော ကလေးအား ရင်ခွင်ထဲထည့်ကာ နွေးထွေးအောင် ပွေ့ဖက်ထားမိသည်...

ကိုယ့်မေတ္တာတွေကြောင့် ကလေးငယ် အမြန်ဆုံး သက်သာပါစေကွယ်.....

°°°°°TBC,°°°

ဆက်တိုက်ကြီး up ပေးမိတယ်ရော...😁.
သာသာ သဘောကောင်းနေပါသည်ပေါ့ 😁
ဝေဖန်ပေးကြပါဦးလို့....
Feedback လှလှလေးတွေ ရရင် update မြန်မယ့်  အိမ့်အိမ့်လေးပါနော် ....❤❣✌✌

#EaintThiriAung
#real_etra 💫💫💫

" Tears of Cherry " [ Chanbaek ]Where stories live. Discover now