" ကို အဆင်ပြေပါတယ်.... "

" မဟုတ်ဘူး..ကို ညာတာ...ကို ဘာမှမဖြစ်ပဲ ငိုမလား... .. ငယ် က ...ငယ် ကလေ တကယ်မသောက်ရသေးပါဘူး.... ကို လိုက်လာမယ်ဆိုတာ သိလို့ ဒီတိုင်း ခွက်လေးကိုင်ထားရုံပါ.... ကို့ကို စချင်လို့လေနော်...သခင်လေး Hun ကိုလည်း အဲ့အကြောင်းပြောပြပြီး ရယ်နေတာပါ... ငယ်လေ ကိုယ့်အပေါ် သစ္စာမဖောက်ပါဘူး.... မငိုပါနဲ့တော့ ကို ရယ်နော်.... "

ဖြေရှင်းချက်အရှည်ကြီးပေးကာ ပူပန်နေသော ကလေးငယ်ကို နဖူးထက် မြတ်နိုးစွာ အနမ်းတစ်ပွင့် ခြွေမိတော့ ခေါင်းလေးမော့ရင်း နှစ်ခြိုက်စွာ ခံယူလေသည်....

" ငယ်... ကိုယ်က ငယ့်ကို သဝန်တိုတာ မဟုတ်ပါဘူး...ငယ့်သစ္စာကို ယုံပါတယ်.... ကိုယ့်ကြောင့်စိတ်မကောင်းဖြစ်သွားတဲ့ ငယ်က သူများနဲ့ကျ ရယ်မောနေတော့ ကိုယ်စိတ်မကောင်း ဖြစ်သွားရုံပါ..ကိုယ့်ကိုကိုယ် အပြစ်တင်နေမိရုံပါ.... "

" ငယ်က ဆိုးတယ်နော်....ငယ့်ကြောင့် ကို ငိုရတာ...တောင်းပန်ပါတယ်... ငယ် ဝိုင်လည်းမသောက်တော့ဘူးလေ နော်....".

မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်နှင့် ကလေးငယ်ဟာ ချစ်ဖို့ကောင်းနေပြန်လေရော... ရူးတော့မှာပဲ ငယ်ရာ.... ကိုယ့်လို ကျောက်ခဲနှလုံးသားတောင် ခံသားလွယ်တတ်နေပါပြီကော....

အူယားစရာကောင်းသည့် ထိုကလေးအား သနားလာသည်မို့ အနည်းငယ် သောက်ရန် ခွင့်ပြုမိလေသည်.....

" နည်းနည်းတော့ သောက်ခွင့်ပြုမယ်လေနော်...ငယ်."

ကိုယ့်စကားအကြား မျက်လုံးလေးတွေက လက်ကနဲဖြစ်သွားသော ကလေးစုတ်...
ဘယ်လောက် ကလေးဆန်လိုက်လဲ...

" အဲ့ဒါကြောင့် ကို့ကို ချစ်တာ "

အပြောနဲ့အတူ လေအဟုန်နှင့် ပြေးဖက်လာသော ကလေးငယ်ကို ခါးသိမ်သိမ်အား ထိန်းထားရင်း အလိုက်သင့် ပြန်ပွေ့ဖက်မိသည်...
နှုတ်ခမ်းတို့ထက် အလည်မရောက်တာကြာသော အပြုံးတို့လည်း ဖန်ဆင်းရင်းပေါ့....

*********************************

လေတဖြူးဖြူးနှင့် ခြံထဲတွင် picnic ထွက်သလို ချစ်သူနှင့်အတူ ဝိုင်ထိုင်သောက်ရသည်မှာ တကယ့်ကို နိဗ္ဗာန်ပုံပင်....

" Tears of Cherry " [ Chanbaek ]Donde viven las historias. Descúbrelo ahora