********************************

" ကို ပဲ ငယ့်ကို ချစ်တယ်ဆို.... နည်းနည်းလောက်တိုက်ပါနော်   ... ပိစိလေးပဲ သောက်မှာပါ...."

လက်ညှိုးလေးတထောင်ထောင်နဲ့ ဝိုင်ကို အတင်းတောင်းသောက်နေသည့်ကလေးမှာ မျက်လုံးထဲ၌ အလွန်ချစ်ဖို့ကောင်းနေသော်ငြား..
ခွင့်မပြုနိုင်.... ဒီကလေး ငယ်သေးသည်မဟုတ်ပါလား....

" မရဘူး ငယ်...  ချစ်ပေမယ့် ခွင့်မပြုနိုင်ဘူး .... ငယ်က ငယ်သေးတယ်လေ..."

" ငယ့်ကို မသနားဘူးလားဟင်.....  အိမ်မှာ ပါးက ချုပ်ချယ်ထားလို့ ဟော့ဒီ့ကလေးလေးက ကိုယ့်ချစ်သူရှေ့ တစ်ခါတစ်လေလေး သောက်ချင်တာပါနော်  ...ငယ့်ကို မချစ်တာမဟုတ်လား   ...."

ရုတ်တရက်မျက်နှာညှိုးကျသွားကာ မျက်ရည်ဝဲသော ကလေးငယ်ကြောင့် စိတ်မကောင်းဖြစ်သွားသော်လည်း မသနားနိုင်...ငယ်ငယ်ရွယ်ရွယ် နဲ့ သောက်တတ်တာမျိုး မဖြစ်စေလိုသည်မို့ မျက်နှာလွှဲနေလိုက်လေတော့ စားဖိုဆောင်ထဲ ကော့တော့ကော့တော့ ထွက်သွားသော ကလေးငယ်...

အတန်ကြာသည်ထိ ပြန်မလာသည်မို့ စားဖိုဆောင်ထဲ ဝင်ကြည့်မိတော့ ဝမ်းကွဲညီဖြစ်သူ သခင်လေး Hun နှင့် ရယ်မောလျှက် ဝိုင်သောက်နေသည်ကို တွေ့လိုက်ရလေသည်...

" ငယ်... "

မိမိခေါ်သံကို ကြားသည်နှင့် ရုတ်ချည်း မျက်နှာပေါ်ကအပြုံးတွေ ပျောက်သွားကာ တည်သွားလေသော ကလေးငယ်....

အဟက်.  .ကိုယ်ဟာ တကယ်အသုံးမကျပါလား ငယ်ရာ....
ကိုယ်တိုင်ကျ ပျော်ရွှင်မှုတွေ ဖန်တီးပေးပါမယ် အတန်တန်ပြောပြီး မဖန်တီးပေးနိုင်ပဲ...စိတ်ရှုပ်စရာတွေပဲ ဖြစ်စေတယ်...
သူတစ်ပါးကြောင့် ငယ် ပျော်ရွှင်ရပြန်တော့လည်း.... ကိုယ်က ဖျက်ဆီးမိပြန်တယ်....  ကိုယ်တော်တော် အသုံးမကျတာပါလား ကလေးငယ်ရာ....

ကိုယ့်ကိုကိုယ် ရင်တွင်းမှ အပြစ်တင်မှုအဆုံတွင် တားဆီးမရသော မျက်ရည်တို့က ပါးပြင်ပေါ်သို့ အစိုးမရစွာ  ကျလာခဲ့သည်....
ထိုစဉ်မှာပဲ ပါးပြင်ထက်သို့ လက်ချောင်းသွယ်သွယ်တို့က ခစားလာခဲ့စေသည်....

" ကို.... ကို ငိုနေတယ်.... ဟင် .... ကို တကယ်ငိုနေတာပဲ...".

မိမိမျက်ရည်တို့ကို လက်ချောင်းသွယ်သွယ်တို့နှင့်သုတ်ပေးရင်း စိုးရိမ်တကြီးမေးလာသော ကလေးငယ်....

" Tears of Cherry " [ Chanbaek ]Where stories live. Discover now