" ဟာ အစ်ကိုကလည်း အောင်သွယ်ပေးပါတယ် ဆိုမှ သူတို့နှစ်ယောက်ထဲ ထားလို့ရမလား။ သူတို့နဲ့အတူရှိပြီး ဘေးကလှော်ပေးမှ ရမှာပေါ့ "

သွားဖို့ရန်သာ ခြေလှမ်းပြင်နေသော ဟန့်ကို အတင်းပြန်ဆွဲထားလိုက်ကာ

" ကိုယ်ပြောတာ ယုံစမ်းပါ။ ကိုယ့်သူငယ်ချင်းက နှစ်ယောက်ထဲရှိတဲ့ အခွင့်အရေးကို လက်လွှတ်အဆုံးရှုံးခံပါ့မလား။ သူတို့အဆင်ပြေသွားမှာပါ "

မိမိတို့နှစ်ယောက် တစ်ယောက်တစ်ခွန်းနဲ့ စကားနိုင်လုနေစဉ်

" အဲ့မိန်းကလေးက ဘယ်သူလဲ "

အံ့မင်းတို့ရပ်နေသော နေရာကိုကြည့်ကာ ပြောလာသော ဟန့်စကားကြောင့် သူကြည့်လိုက်တော့ မိန်းကလေးတစ်ယောက်နဲ့ အံ့မင်းစကားပြောနေလေသည်။ ကြည့်ရတာ အံ့မင်းရဲ့အဆက်တွေထဲက ထင်သည်။ သူအကြည့်လွှဲလိုက်ပြီး

" အံ့မင်း သူငယ်ချင်း ဖြစ်မှာပေါ့ "

" သူငယ်ချင်းက လက်မောင်းချိတ်ပြီး အမူပိုလို့ရတယ်ပေါ့ "

ဟန့်အပြောကြောင့် သူလှမ်းကြည့်လိုက်တော့ ဟုတ်ပါရဲ့ ထိုမိန်းကလေးက အံ့မင်းလက်မောင်းကို ဆွဲချိတ်ထားကာ မျက်နှာကလည်း ချစ်စဖွယ်အသည်းယားစေသောပုံစံ လုပ်ပြနေလေရဲ့။ ငါ့ကောင်ကြီး စွံ့ချက်။

" အစ်ကိုအံ့မင်းက ဘာလဲ။ သူ့မှာ ရည်းစားရှိတာတောင် ကျွန်တော်သူငယ်ချင်းကို ကြိုက်သလို လာလုပ်နေတာ။ ဘာလဲ ခင်ဗျားသူငယ်ချင်းက ငရံ့နှစ်ကောင်ဖမ်းချင်တာလား။ လှေနံနှစ်ဖက်နင်းချင်တာလား။ ခင်ဗျားလည်း သိသိရဲ့နဲ့ ကျွန်တော်ကို လိမ်ပြီး အောင်သွယ်ဖို့ပြောတာလား "

ဟန်စစ် တကယ်စိတ်တိုမိသည်။ ကိုယ့်မှာ ရည်းစားရှိနေလည်း အေးဆေးနေပါလား။ မိမိသူငယ်ချင်းကို တကယ်ချစ်တာလည်း မဟုတ်ဘဲနဲ့။ မိမိသူငယ်ချင်းကို တကယ်ချစ်လို့ သူ့ရည်းစားတွေအကုန်ဖြတ်ပြီး လိုက်တာဆိုတစ်မျိုးပေါ့။ ခုတော့ သူ့ရည်းစားနဲ့တောင် သူ မပြတ်နိုင်သေးဘဲ မိမိသူငယ်ချင်းကို လိုက်တာက တရားလွန်လွန်သည်မဟုတ်လား။ ဒါမှမဟုတ် မိမိက ကိုခန့်နဲ့ချစ်သူတွေဖြစ်လို့ ခန့်ကျော်ကိုလည်း ယောက်ျားလေးချင်းတွဲသူဆိုပြီး ရမလားဆိုသော စိတ်နှင့် ထိုအပြုအမူမျိုးကို လုပ်တာလား။

တစ်ရံရောအခါ.....Where stories live. Discover now