ခန္ဓာကိုယ်ပေါ်မှာဘယ်လောက်ပဲဒါဏ်ရာအနာတရတွေရှိခဲ့ပါစေ..မိသားစုနှစ်စုတိုက်ခိုက်ပြီးဘယ်လောက်ပဲတားမြစ်ပါစေ..လူငယ်လေးနှစ်ယောက်ရဲ့နှလုံးတွေကတော့ဆန့်တန်းပြီးအတူတကွလျှောက်လှမ်းခဲ့ကြသည်။(တစ်နေရာထဲသို့...)

သူ သူရဲ့အယုံကြည်ရဆုံးအစေခံကိုမပြောနိုင်လောက်တဲ့ဆင်းရဲ့ဒုက္ခတွေခံစားစေပြီး(idiom)သူမဆီစကားလုံးအချို့လက်ဆင့်ကမ်းခဲ့သည်။သူပြောခဲ့တာက:မင်းငါနဲ့အတူထွက်သွားမလား။အရာအားလုံးကိုအရှုံးပေးပြီးတော့လေ..။သူမမှာသူ့ကိုပြန်ဖြေဖို့​ထောင်ပေါင်းများစွာသောနည်းလမ်းနဲ့ရာပေါင်းများစွာသောအစီအစဉ်(idiom)တွေရှိသည်:ကျွန်မရှင်နဲ့အတူလိုက်မယ်။ရှင်ရှိရင် ကျွန်မအတွက်အရာအားလုံးရှိသလိုပါပဲ လို့ပေါ့...

ဒါပေမယ့် ရလဒ်ကသူနဲ့သူမထင်သလိုလှပမနေခဲ့ဘူး..

သူမ နောက်ဆုံးတော့အိမ်ကနေလွတ်မြောက်ဖို့အကြိမ်ပေါင်းများစွာကြိုးစားပြီးသတ်မှတ်ထားတဲ့နေရာကိုအပြေးအလွှားလာခဲ့ပေမယ့်သူကတော့ပေါ်မလာခဲ့ဘူး။အဲ့မှာသူ့အစေခံသာလျှင်ရှိနေခဲ့သည်။

အစေခံကပြောခဲ့သည်။သခင်မလေးဒီစကားကိုကြားပြီးရင်အရမ်းလည်းစိတ်မကောင်းမဖြစ်ပါနဲ့။သခင်ကြီးကသခင်လေးကိုမေးခဲ့တယ်။တကယ်လို့မင်းအဲ့မိန်းမနဲ့အဆက်အသွယ်အကုန်ဖြတ်ပြီးမင်းညီမဝမ်းကွဲနဲ့အခုချက်ချင်းလက်ထပ်မယ်ဆိုရင်မင်းကိုမိသားစုရဲ့စီးပွားရေးကိစ္စတွေအကုန်လွှဲပြောင်းပေးမယ်။မင်းလိုချင်ရဲ့လား လို့။သခင်လေးဘယ်လိုပြန်ဖြေခဲ့လည်းတော့ကျွန်တော်လည်းမသိပါဘူး။သူ့ရဲ့ညွှန်ကြားချက်အရဒီနေရာကိုလာပြီး သူတောင်းပန်ပါတယ်။သူမလာနိုင်တော့ဘူး ဆိုတဲ့စကားကိုပဲကြားခဲ့ပြီးသခင်မလေးကိုလာပြောပြတာပါ..။

သူမနှလုံးသားကလည်းသန်းပေါင်းများစွာသောအပိုင်းအစတွေအဖြစ်ချက်ချင်းပဲကွဲကြေသွားတော့သည်။

နာကျင်စွာနဲ့သူမအိမ်ပြန်သွားခဲ့ပြီးလူကြီးတွေကိုခုခံခြင်းလည်း​မရှိ​​တော့ဘဲသူမလက်ထပ်ဖို့သဘောတူခဲ့သည်။

မင်္ဂလာပွဲနေ့မှာသူ့ရဲ့အစေခံကအနောက်က​​နေလိုက်ရိုက်ခံထားရလို့သွေးရောင်လွှမ်းပြီးဒါဏ်ရာအပြည့်ရထားပေမယ့်ရဲရင့်စွာပဲကိုယ့်ကိုယ်ကိုလည်းကာကွယ်မှုမရှိစွာနဲ့ခန်းမထဲပြေးဝင်လာခဲ့သည်။အဲ့အစေခံကအော်ခဲ့သည်။သခင်မလေး..လက်မထပ်ပါနဲ့...!

ခုနစ်ဘဝ(Myanmar Translation)[[Completed]]Where stories live. Discover now