Ep10 : စကားလုံးများ

Start from the beginning
                                    

"မကြာသေးပါဘူးသွားကြမယ်လေ"

သူတို့နှစ်ယောက်ယှဉ်တွဲလျှောက်လာချိန်

"omo ကြည့်လို့ကောင်းလိုက်တာနှစ်ယောက်လုံးက မင်းသားလေးတွေကျနေတာပဲ "

ကျောင်းသူတွေရဲ့တီးတိုးစကားသံကြောင့်သူပြုံးလိုက်မိပါတယ်။ ဘာလို့များဒီလိုလေးပြောတာနဲ့တင်သူကျေနပ်နေပါလိမ့် သူ့ကိုယ်သူတောင်မသိနိုင်အောင်ဖြစ်နေပါတယ်။ လမ်းတစ်လျှောက်လုံးစကားမပြောမိပဲငြိမ်သက်နေပါတယ်။ အိမ်နားရောက်ခါနီးမှ Wonwoo လှမ်းကြည့်မိတော့ သူ့ကိုစူးစိုက်ကြည့်နေတဲ့ Mingyu ကို မြင်တော့မှ wonwoo အနည်းငယ်ရှက်သွားပြီး မသိချင်ယောင်ဆောင်တစ်ဖက်လှည့်သွားပါတယ် ။ Mingyu ပြုံးပြီးအတွင်းစိတ်ကနေ သူ့ဘာသာပြောနေမိပါတယ် ။ ရှက်နေတာတောင် ချစ်စရာကောင်းနေပါလား Hyung ရယ်။

အိမ်ပြန်ရောက်တာနဲ့ Mrs.Jeonကို နှုတ်ဆက်ပြီး အခန်းထဲဝင်လာ သည်အထိစကားမပြောမိပါဘူး Wonwoo ရေချိုးဖို့ထွက်သွားတဲ့နောက်ကိုလိုက်ကြည့်မိပြီး Mingyu သက်ပြင်းချလိုက်ပါတယ် ။ သူ့ဘဝမှာတစ်ခါမှမတွေးဖူးတာက သူတခြားယောက်ျားလေးတစ်ယောက်ကိုအခုလိုသဘောကျ မိမယ်ဆိုတာပါပဲ ။ သူမတားဆီးနိုင်တဲ့ခံစားချက်တွေကအလိုလိုဖြစ်ပေါ်လာခဲ့တာမို့ သူသက်ပြင်းချရုံပဲတတ်နိုင်ပါတယ် ။

*********************
Wonwoo's Pov

"Hyung !"

တိုးတိတ်တဲ့ခေါ်သံကြောင့် Wonwoo ကြည့်လိုက်မိပါတယ် ငေးစိုက်ကြည့်နေတဲ့ Mingyuကို

" ပြောလေ Mingyu "

"ဟင့်အင်း ဘာမှမဟုတ်ဘူးခေါ်ကြည့်တာ "

ကလေးတစ်ယောက်လိုပြောနေတဲ့ Mingyuvကိုကြည့်ပြီး သူပြုံးပြီး

" Aigooo ! ဒီကလေးလေးကတော့ "

ဆံပင်လေးတွေကိုရုတ်တရက်သွားဖွမိပြီးမှသူ့ကိုယ်သူသတိပြုမိသွားပါတယ် ။ Mingyuမျက်နှာလဲ နီရဲသွားတာသတိထားမိလို့သူရုတ်တရက် ထပြီးဧည့်ခန်းထဲကိုထွက်လာပါတယ်။

ဆံပင်လေးတွေကိုရုတ်တရက်သွားဖွမိပြီးမှသူ့ကိုယ်သူသတိပြုမိသွားပါတယ် ။ Mingyuမျက်နှာလဲ နီရဲသွားတာသတိထားမိလို့သူရုတ်တရက် ထပြီးဧည့်ခန်းထဲကိုထွက်လာပါတယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Love can read your mind * Meanie *Where stories live. Discover now