အခန်း (၁)

4.4K 361 2
                                    

(Zawgyi)

ရာသီဥတုသည် အေးချမ်းသော အရပ်ဒေသ ဆိုသော်ငြား သည်အရပ်မှာရှိကြသော ပြည်သူတွေကတော့ မအေးချမ်းနိုင် မငြိမ်းချမ်းနိုင်ရှာပေ။ မြန်မာပြည်၏ ထိပ်ဖျားပိုင်း၌ရှိသော ပြည်နယ်။ ပြည်တွင်းစစ်ပွဲကြောင့် ခံစားနေရသော အပြစ်မဲ့ပြည်သူများ။

သည်အရပ်ဒေသတွင် ဆေးပညာ ဆေးဝါးများ ဆရာဝန်များ လိုအပ်နေသောကြောင့် လုပ်အားပေးအဖြစ် တာဝန်ထမ်းဆောင်ရန် ဆုံးဖြတ်ချက်ချခဲ့ချိန်တုန်းက ရိုးရိုးလေးသာ တွေးခဲ့မိသည်။ မိမိတတ်မြောက်ထားသော ပညာဖြင့် လိုအပ်နေသောပြည်သူများအား ကူညီရန်သာ။ သို့သော်လည်း ရောက်လာသည့်အခါမှာတော့ မိမိတွေးထားသည်များနှင့် တက်တက်စင်အောင် လွဲခဲ့သည်။

ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ ဝေဒနာများပါ ခံစားနေရသော ပြည်သူများကို မြင်ရချိန်တွင် မိမိရင်ထဲမချိခဲ့။ စစ်ပွဲများအား ရပ်တန့်စေချင်သည်။ ပြည်သူများအား ငြိမ်းချမ်းစေချင်သည်မှာ ရင်တွင်းမှဖြစ်ပေါ်မိသော စေတနာပင်။

ယခုလည်း မိမိရဲ့ဆန္ဒအတိုင်းဖြစ်မြောက်စေရန် ပုခုံးထက်၌ တာဝန်များထမ်းရွက်ကာ ထွက်ခွာသွားသော ယောက်ျားဖြစ်သူရဲ့ ပြန်အလာအား စောင့်နေမိသည်။ ဟုတ်သည်။ ဒီနေ့နဲ့ပါဆိုလျှင် ကျွန်တော့်ယောက်ျား ထွက်သွားသည်မှာ ၄ ရက်တင်းတင်းပြည့်ခဲ့ပြီ။
သတ်မှတ်ထားသောအချိန်သို့ ကျရောက်နေပြီဖြစ်သောကြောင့် ကျွန်တော့်ရဲ့ အိမ်ထောင်ဦးစီးအား သစ်ပင်ကြီးရဲ့အရိပ်ဖြင့် သာယာစွာရှိနေသော ကွပ်ပျစ်ထက်၌ လည်ပင်းလေးတမျှော်မျှော်ဖြင့် စောင့်မျှော်နေသည်။

လက်ထဲ၌ကိုင်ထားသောဓာတ်ပုံဘောင်။ တိတိကျကျပြောရလျှင် ကောင်လေးနှစ်ယောက်ပုံပင်။ တစ်ယောက်က မရိုက်ချင်သောပုံဖြင့် မျက်နှာအား စူပုတ်ထားသော်လည်း ဘေးမှအရပ်အနည်းငယ်ပိုရှည်သော ထောင်ထောင်မောင်းမောင်း ယောက်ျားလေး တစ်ယောက်ကတော့ အနည်းငယ်ပြုံးယောင်သန်းကာ စူပုတ်နေသော ကောင်လေး၏ပုခုံးအား လက်တစ်ဖက်ဖြင့် သိုင်းဖက်ထားသောပုံပင်။ ထိုပုံလေးအားကြည့်ကာ ကျွန်တော့်ရဲ့ စိတ်တွေကလည်း ဟိုးလွန်ခဲ့သော နှစ်နှစ်ကျော်ခန့်က အတိတ်နေ့ရက်များဆီသို့...။
......................................................

  "Rebel of Heart"Unde poveștirile trăiesc. Descoperă acum