ယခုလည်းကြည့် မနက်ငါးနာရီထဲက ပြင်ဆင်ထားတာတောင် ခုထိစိတ်ကျေနပ်သေးပုံမရ။ မပြင်လည်းဒီရုပ် ပြင်လည်းဒီရုပ်ပဲကိုး။ မျက်နှာကြည့်လို့ဝတော့ အင်္ကျီကြယ်သီးကို တပ်လိုက်ဖြုတ်လိုက်နဲ့ အလုပ်ရှုပ်နေပြန်လေသည်။ ဘေးနားကဖြတ်လျှောက်သွားသောသူများကပါ ကွက်ကြည့်ကွက်ကြည့် လုပ်လာသည်မို့ မနေသာတော့ဘဲ

" ငအံ့ မင်းဒီနေ့ပြင်လို့ရော ပြီးဦးမှာလား။ မှန်သာစကားပြောတတ်ရင် မင်းသောက်ခွက်ကြီးကို ကြည့်နေရလို့ ငါ့သနားပါဦးဆိုပြီး ပြောနေလောက်ပြီ "

ကားကိုကျောမှီကာရပ်နေသော လင်းခန့်က ဟိန်းမင်းစကားကြောင့် ရယ်လိုက်ကာ အံ့မင်းကတော့ မျက်နှာသုန်မှုန်နေလေသည်။ ထို့နောက် မကြည်ကြည့် ကြည့်ကာ

" မပြီးသေးဘူးဟေ့ရောင်။ ငါ့ကျူးလေးလာမှပြီးမှာ။ အသာနေစမ်းပါကွာ။ ဒီမှာ ငါ့ရင်ဘတ်က မာဆယ်တွေတွေ့အောင် ဘယ်လိုလုပ်ရမလဲ စဉ်းစားနေတာ "

" ချွတ်ထားလိုက် "

အံ့မင်းဘေးနားရပ်နေတဲ့ လင်းခန့်က ထိုကဲ့သို့ထောပနာပေး၍ ဟိန်းမင်းကတော့ နှာခေါင်းရှုံ့ကာ

" သောက်ပိုတွေ လုပ်မနေနဲ့ ငအံ့။ မင်းမှာရှိတာတွေ သူ့မှာလည်းရှိတယ်။ မင်းလိုက်နေတာ မိန်းကလေးမဟုတ်ဘူး "

" ပြောလို့ရမလား။ ငါ့မာဆယ်တွေကို သဘောကျသွားပြီး ကျူးလေးကြွေဆင်းသွားရင်သွားမှာပေါ့ "

အံ့မင်းပြန်ပြောလိုက်သောစကားကို မနိုင်ဘူးဟူသောအကြည့်ဖြင့်ကြည့်ကာ ခေါင်းခါနေသော ဟိန်းမင်းကိုကြည့်ကာ သူပြုံးလိုက်ပြီး ကားမှန်ထဲက မိမိပုံရိပ်ကိုသာ ပြန်ကြည့်လိုက်၍

အင်း ဒီပုံဆို ကျူးလေး သဘောကျလောက်ပါရဲ့

" ဟေ့ရောင် ဟိုမှာ အဲ့တာ ဟန်စစ် မဟုတ်လား "

တစ်ယောက်ထဲတွေးကာ သဘောကျနေစဉ် ဟိန်းမင်းရဲ့အသံနှင့်အတူ မိမိဘေးမှာရပ်နေသော လင်းခန့်ရဲ့လက်က ပုခုံးကိုရိုက်လာတာကြောင့် မျက်နှာအနည်းငယ်ငဲ့စောင်းလိုက်ကာ

" ဘယ်မှာလဲ "

လင်းခန့်မေးငေါ့ပြလိုက်သောနေရာကို လှည့်ကြည့်လိုက်တော့

တစ်ရံရောအခါ.....Where stories live. Discover now