ကျွန်တော် အခု အရမ်း အလုပ်ရှုပ်နေသည် ။
" Lee Minhyung..... ဒီတစ်ခါလည်း
အိပ်ယာထ နောက်ကျပြန်ရင် ငါမင်း ကို
မယူတော့ဘူးနော် ''
ဟူသော.... အချစ်ရဲ့ စကားကြောင့်
ကျွန်တော် မနက်အစောကြီးထကာ
ပြင်ဆင်နေရသည် ။
ကျွန်တော့်ကို အလုပ်မလုပ်ရင်
လက်မထပ်ရဘူး ဟူ၍ ပြောလာသော
ဒယ်ဒီ နဲ့ မာမီ ကြောင့် ကျွန်တော်
အချစ်ရဲ့ ဆိုင်မှာ အလုပ်ဝင်နေရသည်။
ဆိုင်မှာ အချိန်ပြည့် ဂိမ်းဆော့နေတာ ကိုတော့
ထည့်မပြောတော့ပါဘူးလေနော်....
အချစ်နဲ့ ကျွန်တော် က လူ တစ်ချို့တစ်ချို့တွေ ရဲ့
စနက်ကြောင့် အခုဆိုရင် လူသိရှင်ကြား
ခွေးရော ကလေးရော မကျန် သတ္တဝါ
အားလုံးသိတဲ့ တရားဝင် စုံတွဲလေး ဖြစ်နေပါပြီး ။
အချစ် ကို အထင်လွဲခဲ့တာတွေ အတွက်
စိတ်မကောင်း ဖြစ်မိပေမယ့်
အဲ့လို ထုံအအ ချစ်သူ ရထားတာ
ကျွန်တော် တကယ် ဝမ်းနည်း မိပါတယ်....
Drama တွေထဲမှာ မင်းသားနဲ့ မင်းသမီး
အထင်လွဲကြလို့ မင်းသားက ရှင်းပြမရရင်
ကောက်နမ်းလိုက်တာလေ....
အချစ် က အဲ့လို လည်း မနမ်းဘူး.....
ကျွန်တော့် အချစ် က ခပ်တည်တည်လေး
နေတတ် ပေမယ့် သူများချစ်သူ တွေလိုလည်း
Romantic ဖြစ်တာမျိုးတွေ မလုပ်တတ်ဘူး....
ကျွန်တော် နှုတ်ခမ်းကြီး စူ ပြ ထားရင်တောင်
အလိုက်တသိ မွမွ ပေးရမှန်း အချစ်က မသိဘူး....
ဒါပေမယ့်လည်း ကျွန်တော့်  အချစ်က
သူများနဲ့ မတူအောင် ချစ်တတ်တာပါနော်....
ကျွန်တော် စားဖို့အတွက် ရည်ရွယ်ပြီး
ဆိုင်ဖွင့်ထားတာဘဲ ကြည့်.......
ဒါတွေ ထား ပါ....အခု အချစ်လာရင်
မွှေးကြိုင်နေအောင်လို့ ကျွန်တော်
ရေချိုး ရဦးမယ်.....
ပြီးရင် လက်ထပ်ပွဲ အတွက်
လိုအပ်တာတွေလည်း
ပြင်ဆင်ရဦးမှာ.....
နောက်မှ ဆက်ပြောကြတာပေါ့.....
_______________________⭐⭐
📩 အချစ် ကျွန်တော့်ကို ဘေဘီ လို့ ခေါ်ပါလား
Ting ဆိုပြီး ဝင်လာတဲ့ message ကြောင့်
Taeyong ကြောင်တောင်တောင် ဖြစ်သွားသည် ။
