Intro

205 16 1
                                        

မြို့အသစ် ၊ အိမ်အသစ် ၊ ကျောင်းအသစ် ၊
စာသင်ခန်းအသစ် ပြီးတော့
သူငယ်ချင်းအသစ်.......

Minhyung အတွက် က ထူးဆန်းတဲ့ အရာ
မဟုတ်တော့တာ ကြာခဲ့ပြီးဖြစ်သည် ။

သူ့ဒယ်ဒီနဲ့မာမီရဲ့ အလုပ်တွေကြောင့်
၂နှစ်တစ်ခါလောက် အမြဲအပြောင်းအရွေ့
လုပ်နေရသည်မှာ သူ ငယ်ငယ်ကတည်းကပင်။

ဒယ်ဒီ နဲ့ မာမီက ဆရာဝန်တွေလေ ။
Minhyung ဒယ်ဒီနဲ့မာမီက အရင်က
ကနေဒါမှာ နေပေမယ့် Minhyung အလယ်တန်း
ရောက်တော့ ကိုးရီးယား ကို ပြောင်းရွေ့ခဲ့ခြင်းဖြစ်သည်။

Minhyung တို့က ချမ်းသာသည် ။ ဒါကြောင့်လည်း
ဒယ်ဒီတို့က ပိုက်ဆံသိပ်မရှိတဲ့ မြို့ရွာကလေးတွေမှာ
ဆေးလိုက်ကုပေးနေခြင်းပင် ။

Minhyung အိမ်ပြောင်းရသည်ကို စိတ်မညစ်ပါ ။
ဒါပေမယ့် ကျောင်းအသစ်ကြောင့်
Minhyung အမြဲစိတ်ညစ်ရသည် ။

ကျောင်းအသစ်က သူငယ်ချင်းတွေက
Minhyung ကို စနောက်ကြလိမ့်မည် ။

Minhyung က ငယ်ငယ်ကတည်းက
မျက်စိမကောင်းတာမို့ အမြဲမျက်မှန်တပ်ရသည် ။

မျက်မှန်ကို လုကာ စကြသလို
လေးလုံး ဘာညာနဲ့လည်း စကြသည် ။

ထိုအချိန်တိုင်း သူ့ကို ကာကွယ်ပေးသည်မှာ
သူနဲ့ အတန်းတူ သူငယ်ချင်း Hyuckie....

Hyuckie က သူနဲ့ ရွယ်တူ ဆိုပေမယ့်
စိတ်ဓာတ်က သူ့ထက် မာသည်။

သူဆိုလျှင် လွယ်လွယ်အလျှော့ပေးလိုက်မည့်
ကိစ္စတစ်ခုကို Hyuckieက အမြဲအောင်မြင်အောင်
လုပ်တတ်သည်။

Hyuckieက ငယ်ငယ်ကဆို ချောကလက်လုံးလေးလိုပင်။
Hyuckie က အသားညိုကာ ချစ်စရာ ကောင်းသည် ။

Minhyung ထက် အရပ်ပုပေမယ့်
Minhyung ထက် လူကြီးဆန်သည်။

အခု ကျောင်းအသစ်ကို ရောက်လျှင်
Minhyung ကို ကာကွယ်ပေးမည့်
Hyuckie မရှိတော့တာကြောင့်
Minhyung စိတ်ညစ်နေခြင်းဖြစ်သည် ။

Minhyung အိမ်အသစ်ရှေ့မှာ
ငုတ်တုတ်ကလေးထိုင်နေတာ
မာမီတွေ့တော့ Minhyungကျောလေးကို
ပုတ်ပေးကာ စကားဆိုလာသည် ။

"Hyuckie ကို လွမ်းနေပြီးလား ။
Minhyungလေး..... မာမီတို့ ခုမှ
ရောက်လာတာလေ ''

NEVER 💫 complete 💫Donde viven las historias. Descúbrelo ahora