I.H.A.L

284 43 12
                                    

[Zawgyi Version ]

#BGM (Duo) : Chen & Lee Eun Mi - I HAVE A LOVER #

(Original : Lee Eun Mi - I HAVE A LOVER)

ဒီသီချင်းလေးကို ဖွင့်ပြီး ဖတ်စေချင်ပါတယ်။

  ~♥~ I HAVE A LOVER ~♥~

" Sehun!!! ငါတို့ ဒီမှာ "

စားသောက်ဝိုင်းတစ်ဝိုင်းမှ Sehun ဟူသော အမည်နာမကို ခေါ်လိုက်သည်ကြောင့် ထိုသူက ပြုံးပြရင်း ထိုဝိုင်းဘက်ကို လျှောက်လှမ်းလာသည်။

" ဘာဖြစ်လို့ နောက်ကျနေတာလဲ!!  လူတောင် စုံနေပြီကို "

" sorry ကွာ အလုပ်ကမပြီးသေးလို့ပါ "

" မသိပါဘူးကွာ ငါတို့က မလာတော့ဘူးထင်နေတာ "

" ဘယ်မလာလို့ ဖြစ်မလဲ ကျောင်းသားဟောင်းတွေ့ဆုံပွဲကို "

" ဟုတ်တယ်လေ တစ်ယောက်မကျန်လာတာကို Oh Se Hun တို့ မလာဘူးဆို အကုန် စိတ်ဆိုးကြမှာပေါ့ "

ဤသို့ဖြင့် သို့လော သိုလော အမေးစကားတွေ ထင်မြင်ယူဆချက်တွေကြောင့် ခပ်ဖွဖွရယ်ရင်း ခေါင်းအသာ ခါမိသည်။

" Luhan လည်း ရောက်နေတယ် Sehun"

" Luhan ?? "

ဘေးနားက သူငယ်ချင်း ဆီမှ လှမ်းပြောသံကြောင့် ဝေ့၀ဲကြည့်လိုက်တော့ ဟုတ်ပါရဲ့ သူပါပဲ။

ပုံမှန် ကျောင်းသားဟောင်း တွေ့ဆုံပွဲတွေဆို ၁၀ခါမှာ ၆ခါ ၇ခါ လောက်ပဲ လာလေ့ရှိသည်။

အကြောင်းပြချက်ကတော့ အလုပ်မအားလိုပေါ့။

" ဒီနေ့ Luhan က ငါတို့ကို surprise လုပ်မလို့တဲ့ "

သူငယ်ချင်းတစ်ယောက်က ထပြောသည်ကြောင့် မျက်ခုံးပင့် လိုက်မိသည်။

" ဘာမှတော့မဟုတ်ပါဘူး ဟိုဟာ! "

" အမယ် ဘာဖြစ်နေတာလဲ ဒီပုံစံက "

" နင် ရှက်နေတာလား "

" ဘာလဲ ဘာလဲ "

I HAVE A LOVERDonde viven las historias. Descúbrelo ahora