လူကို ခေါင်းနဲ့ဆောင့်
နာသွားလာဘာလားမမေးဘဲ..
ဘာလို့သူ့အခန်းထဲရောက်နေတာလဲတဲ့..

" ကိုယ်နဲ့ honey ကမနေ့က တူတူအိပ်တာလေ..."
ပြုံးစစနဲ့ပြောလေတော့..

" ဘာ..ဘာ..တူတူ အိပ်တာလဲ.😟."

"Aww ကုတင်တစ်ခုတည်းပေါ်မှာတူတူအိပ်တာကိုပြောတာပါ baby လေးရ..."

ပြူးတူးတူး လေးကြည့်နေပုံက အသဲယားစရာကောင်းလို့ ပါးလေးကို ဆွဲဖဲ့မိတော့
ပါးလေးကိုကိုင်တဲ့လက်ကို ဖက်ခနဲရိုက်ချပစ်လိုက်တာများ
နာလိုက်တာ

" ရာဇဒဏ်သင့်ချင်လို့လား..."

မျက်လုံးလေးကိုပြူးပြီး မေးနေတာ..
သူ့ပုံစံကိုယ်သူ ကြောက်စရာကောင်းတယ်များထင်နေသလားမသိဘူး အာ့ပင်ဂွင်းပေါက်လေးက..
ဘယ်လိုလုပ်လုပ် ချစ်ဖို့ကောင်းနေတော့
ဒီ kim jongin ကြီးရူးတော့မလိုဖြစ်နေပြီ..

" Awhaw.. ကိုယ်တော့်လို အိမ်ရှေ့စံကို ရာဇဒါဏ်ပေးနိုင်မှာမို့လို့လား.."

" Awhaw...အိမ်ရှေ့စံshi ကျွန်ုပ် Do Kyung Soo က
လည်း အိမ်ရှေ့စံဆိုတာမမေ့ပါနဲ့...
အိမ်ရှေ့စံချင်းအတူတူ..အမှားလုပ်တဲ့အိမ်ရှေ့စံကို
မှန်တဲ့အိမ်ရှေ့စံက ပြစ်ဒါဏ်ချလို့ရပါတယ်..
အိမ်ရှေ့စံမင်းသား Kim Jongin Shi 😏 "

" haha...ထားပါတော့ Baby Honey မင်းလေးနဲ့တော့ စကားနိုင်လုမရဘူးဆိုတာ သိပါပြီ...
လာလာ မျက်နှာသွားသစ်တော့..
Honey မျက်နှာသစ်တုန်း ကိုယ်breakfast
ပြင်ထားလိုက်မယ်..."

စကားတတ်လွန်းတဲ့ မင်းသားပေါက်စနကို
ရေချိုးခန်းထဲတွန်းပို့လိုက်ပြီး
ကျွန်တော်ကတော့ breakfast ပြင်ဖို့ မီးဖိုခန်းထဲဝင်သွားတယ်....

ပေါင်မုန့်လေးမီးကင်မလို့ လုပ်နေရင်း..

" အိမ်ရှေ့စံ Kim Jongin shi...."

ဆိုပြီး အော်ခေါ်လာတဲ့ ကျွန်တော့်မင်းသားလေး
ဘာဖြစ်ပြန်တာလဲမသိ...
ကျွန်တော်အပြေးအလွှား ရေချိုးခန်းထဲပြေးဝင်လိုက်
တော့..
Toilet လေးကိုငုံ့ကာကြည့်နေတဲ့ပေါက်စ..

" အာ့တာ ဒီဘက်ခေတ်ကရေတွင်းလား Kim Jongin shi...ဘာနဲ့ခပ်ရမလဲဟင်..."

ငုံ့ကြည့်နေရာကနေ ကျွန်တော့်ဘက်ကို တွေးစနေတဲ့ပုံစံလေးနဲ့ လှည့်ကာမေးလေတော့..
ကျွန်တော်မနေနိုင်ခွီကနဲရယ်မိတယ်...

You've reached the end of published parts.

⏰ Last updated: Aug 24, 2018 ⏰

Add this story to your Library to get notified about new parts!

နဖူးစာ အချိန်လည် ☪Where stories live. Discover now