Part.7☪

1.1K 149 60
                                    

နဖူးစာ အချိန်လည် ☪
...
...
...
...
...
...
...Chapter.7...

နံနက်ခင်း နေမင်းရဲ့အလင်းရောင်ဟာ တစ်လောကလုံးကိုဖြန့်ကြတ်
ပြီး အလင်းပေးနေပေမယ့် Do Kyung Soo ရဲ့ အိပ်ခန်းကတော့
မီးအိမ်လေးရဲ့ အလင်းရောင်မှလွဲပြီး မဲမှောင်ကာနေတယ်..
ထိုအခန်းလေးထဲမှာ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့
ဂိုဂူလျောက မင်းသားလေး Do Kyung Soo
ရှီလာရောက် Satan Soo ရဲ့ တိုက်ခန်းကို သူ့တိုက်ခန်းအမှတ်နှင့်
ပိုင်စိုးပိုင်နင်း သူ့အိမ်တောင်သူမပြန်ဘဲနေတဲ့ Jongin..
(ရှီလာက Satan Soo ပြန်ရောက်ချလာရင်လွယ်မှာမဟုတ်ဘူး 😂 )

ခေတ်သစ် Kyung Soo လေးရဲ့ အိပ်ခန်းမှာ ခေတ်ဟောင်း Kyung Soo လေးရဲ့ မနိုးသေးတဲ့ အလှမှာ နစ်မြောကာနေတဲ့
ခေတ်သစ်အိမ်ရှေ့မင်းသားငဂျုံ....
မှောင်နေတဲ့နေရာမှာ မီးအလင်းရောင်အနည်းငယ်နဲ့
Jongin ရဲ့ Kyung Soo ကိုကြည့်နေတဲ့ ချစ်ရည်ရွှန်းလဲ့နေတဲ့
မျက်ဝန်းတစ်စုံရဲ့အရောင်သာ ထင်ရှားတောက်ပနေတယ်..
( အမှောင်ထဲက ဝံပုလွေ ရဲ့မျက်လုံးလို လင်းနေတာ 😏 )

လှပလွန်းတဲ့ ပန်းချီကားလေးကို Jongin တစ်ယောက်ငေးကြည့်
နေတုန်းမှာ တစ်ဖြည်းဖြည်းလှုပ်ရှားလာတဲ့ ပန်းချီကားလေး...
မျက်ခွံမို့မို့ဖောင်းဖောင်းလေးက အနည်းငယ်စီ လှုပ်လာပြီး
အနည်းငယ်ပွင့်ဟနေတဲ့ နှင်းဆီဖူးလိုနှုတ်ခမ်းပိစိလေးက
ဖွင့်လိုက်ပိတ်လိုက်နဲ့..
မျက်ခွံလေး လှုပ်ရှားသွားတိုင်း လေနုလေးကြောင့်ထင် တဖြည်းဖြည်း
လှုပ်ခတ်သွားတဲ့ မျက်တောင်ရှည်ရှည်လေးတွေ..
တစ်စောင်းဖိအိပ်ထားတာကြောင့် နဂိုထက် အနည်းငယ်ပိုပြီးနီနေတဲ့ ပါးဖောင်းဖောင်းလေးတစ်ဖက်..
ရှည်လျားနူးညံ့နေတဲ့ ဆံနွယ်လေး...
အား လှရက်လိုက်တာ...
ယောက်ျားလေးတစ်ယောက်က အာ့လောက်လှစရာလိုလို့လား...

Jongin တစ်ယောက် Kyung Soo မင်းသားလေးရဲ့
မျက်နှာကို
ကြည့်ရင်း တဖြည်းဖြည်းမျက်နှာနားကပ်သွားတော့...
ရုတ်တရက် မျက်လုံးက ပွင့်လာပြီး
ခွပ်......

" Arla.....နာလိုက်တာ..."

" မောင်းမင်း...arnyi... အိမ်ရှေ့စံ.. ဘယ်လိုလုပ် ကိုယ်
တော်..arnyi ဟန်နီ့ အိပ်ဆောင်ထဲကိုရောက်နေတာလဲ.."

နဖူးစာ အချိန်လည် ☪حيث تعيش القصص. اكتشف الآن