EP 4:ရင်ခုန်ခြင်း(ရင်ခုန်ခြင်း)

Zacznij od początku
                                    

"Good Morning!!! Hyung ! မျက်နှာမသစ်ရသေးဘူးမဟုတ်လားပြင်ဆင်မျက်နှာသစ်ပြီး မြန်မြန်ဆင်းခဲ့နော်"

ပြုံးပြီးပြောနေတဲ့ Mingyu ကိုသူငေးမောကြည့်နေတုန်း

"Ahhhhhh Wonwoo opppa ညအိပ်ဝတ်စုံလဲမလဲဘူးညစ်ပတ်လိုက်တာ "

Minsoe ရဲ့အော်သံကြားမှသူကိုယ့်သူ သတိထားမိပြီး အခန်းထဲပြန်ပြေးဝင်လာပါတယ် ။
သူ့အမေနဲ့Mingyuတို့ရဲ့ရယ်သံကနောက်ကျောမှာကပ်ပါလာပါတယ် ။
JeonWonwoo ရဲ့မနက်ခင်းတွေက ပြောင်းလဲလာပြီဆိုတာ ခေါင်းထဲပြန်ထည့်ရင်းသူအလိုလိုပြုံးမိသွားပါတယ်။

*******************
မျက်နှာသစ်အဝတ်အစားလဲပြီးအောက်ဆင်းလာတော့ သူဘာမှမသိသလို ခပ်တည်တည်မျက်နှာနဲ့ ပဲထမင်းစားခန်းထဲဝင်လာပါတယ် ။

"Ah ! Hyungဒီမှာထိုင် "

သူ့အတွက်တစ်ခါထဲခုံဆွဲထုတ်ပေး ကော်ဖီခွက်ပြင်ပေးနဲ့သူမနေတတ်အောင်ဖြစ်နေပါတယ်။
ပြီးတော့စားပွဲပေါ်ကိုကြည့်မိတော့ခါတိုင်းနဲ့မတူ မနက်စာဟာအမြင်သစ်ပြီး စုံလင်လွန်းလှလို့ သူအံ့သြနေပါတယ်။ ဧည့်သည်တွေရှိလို့ မေမေမသေချာပြင်ဆင်ထားတာနေမှာပါလို့တွေးရင်း ကော်ဖီကိုသောက်မိတော့
အိုးးးးးတကယ်ကို အရသာရှိပြီး အရသာက ထူးခြားလွန်းနေပါတယ်။

"မေမေ ကော်ဖီက ------"

"ဘာဖြစ်လို့လဲ Hyung ????"

သူစကားမဆုံးသေးစိုးရိမ်တကြီးMingyu ကမေးနေပြန်ပါတယ်။ သူ့စိတ်ထဲမှာဒီကလေးကစပ်စုလိုက်တာလို့တွေးမိပေမဲ့

"အရသာလုံးဝထူးခြားပြီး အရင်နေ့တွေနဲ့မတူဘူးတစ်ခါမှလဲမသောက်ဖူးဘူး မေမေဘယ်တုန်းကပြောင်းလဲသွားတာလဲဟင် "

"ဟူးးးး တော်ပါသေးရဲ့"

အခုမှ စိတ်ချမ်းသာတော့တယ်ဆိုတဲ့အပြုံးနဲ့ကြည့်နေတဲ့ Mingyu ကိုသူနားမလည်နိုင်ပါဘူး။
သူ့မိခင်က ရယ်ရင်း

"မဟုတ်ဘူးသားရေအဲ့ဒါ Mingyu လက်စွမ်းပြထားတာ . ဒီနေ့မနက်စာအကုန် Mingyuုပင်ထားတာ "

သူအံ့သြတသင့်လှမ်းကြည့်မိတော့ ပြုံးပြီးခေါင်းညိတ်နေတဲ့ Mingyu ကိုတွေ့ရပါတယ်။ ဒီကလေးက ဒါတွေလုပ်တတ်တယ် Prince Charming လေးလို ကြွကြွရွရွနေတယ်လို့ပဲထင်ထားတဲ့ Mingyu ကဒါတွေလုပ်ထားတာ Woooow သူမချီးကျူးပဲမနေနိုင်ပါဘူး တော်တော်စိတ်ဝင်စားစရာကောင်းတဲ့သူပဲ

Love can read your mind * Meanie *Opowieści tętniące życiem. Odkryj je teraz