F1
ပုံမှန်အတိုင်းခုတ်မောင်းလာသော . ရထားတစ်စီးပေါ်၌ ကောင်လေးတစ်ယောက်သည်.. ပြတင်းဝမှတစ်ဆင့် အဝေးကို ငေးကြည့်နေလေသည်။
သည်ခရီးကို သူမသွားချင်ခဲ့။ ယခုဖြစ်နေသော အဖြစ်ပျက်များကိုလည်း လက်မခံချင်။ ပါးနဲ့မားတို့ နှစ်ဦးသဘောတူလမ်းခွဲပြီးနောက် သူဟာ မားဘေးတွင်ကျန်ရှိနေခဲ့ရပြီး.. မားနှင့်အတူ အဘိုးအဘွားတို့ မြို့ငယ်လေးဆ်ီပြန်လာခဲ့ရသည်။ မြို့ပေါ်တွင်သာ နေထိုင်ကြဖို့ . မား ကိုတောင်းဆိုခဲ့သော်လည်း.. အခြေနေ အရပ်ရပ်ကို သူနားလည်အောင် ရှင်းပြပေးခဲ့သည့်နောက်.. သူ မငြင်းဆန်နိုင်ခဲ့။
တရိပ်ရိပ်ပြေးနေသော.. အပင်မျိုးစုံ ချံနွယ်တွေ .. တစ်ခါတစ်ရံ ကားလမ်းမ တွေကို လှမ်းမြင်ရသည်။ငြိမ်ကုပ်နေသော.. သူ့အား ..မားသည် စိတ်ပူနေဟန်ရှိသည်။
" ယွန်းလေး... အဆင်ပြေရဲ့လား "
" ရပါတယ်..မား "
"သား အတွက် အလယ်တန်းဆက်တက်ဖို့ . မား ပြင်ဆင်ထားတယ်.. ဘွားတို့အိမ်နဲ့ မဝေးပါဘူး "
သူ ဘာမှပြန်မပြောဖြစ်။ ပြတင်းပေါင်ပေါ် လက်တင်ရင်း.. မြင်ကွင်းကိုသာ အာရုံစိုက်နေလိုက်သည်။နာရီအတော်ကြာ ရထားစီးခဲ့ရပြီး နောက် သေးငယ်သော ဘူတာရုံတစ်ခုတွင် သူတို့သားအမိ ဆင်းခဲ့သည်။ ဘူတာရုံတွင် သူတို့ကို လာကြိုနေသော အဘွားအိုတစ်ဦး...။
" ဟန်နာ... သမီး... လာ..လာ.. သမီးပါပါး အပြင်မှာ စောင့်နေတယ် "
ခပ်တိုတိုညှပ်ထားသော ဆံပင်ဖြူ တွေနှင့် ပါးရေနားရေတွန့်နေသော.. အဘွားအိုသည် သူ့လက်ကို ဆုပ်ကိုင်လာရင်း
" မင်းက ယွန်းလေး ကိုး.. လာ.. လာ.. ဘွားနောက်လိုက်ခဲ့ "
သူ တစ်ခါမှမတွေ့မြင်ဖူးသော.. အဘိုးအဘွားတို့သည်.. သူ့အား လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြသည်။
ဘူတာရုံအပြင်ဘက်တွင် ထော်လာဂျီ ပေါ်တွင် ထိုင်နေသော အဘိုးအိုတစ်ဦး..
YOU ARE READING
The white fox(complete )
Fantasyစိတ်ကူးယဉ်ကြည့်တာပါ... မြေခွေးဖြူ နဲ့ပတ်သက်တဲ့ dramaတွေကြည့်ပြီး.. ရေးချင်လာလို့ အပိုင်းက သိပ်မရှည်လောက်ဘူးရယ် Uni စိတ်ကူးယဉ်ကြည့်တာပါ... မြေခွေးဖြူ နဲ့ပတ်သက်တဲ့ dramaတွေကြည့်ပြီး.. ရေးချင်လာလို့ အပိုင်းက သိပ်မရှည်လောက်...
