အမှာစာ နှင့် ကျေးဇူးတင်လွှာ

64.6K 2K 92
                                    

အားလုံးသိတဲ့အတိုင်း Dear Doctor Handsome Fic ကို စာအုပ်အနေနဲ့ ထွက်ရှိဖို့ ကျွန်တော် ကြိုးစားပြီးပြင်ဆင်နေပါ တယ်။ အဲတာကြောင့် အခု Wattpad မှာတင်ထားတဲ့ ဖောင်းပွ နေတဲ့ စကားလုံးတွေ၊ စကားပြော စကားပြေရောနေတဲ့ စိတ် အနှောင့်အယှက်ဖြစ်ချင်စရာ အရေးအသားတွေဇာတ်လမ်း ကို ဘာအထောက်အကူမှမပြုဘဲ အက်ကြောင်းထပ်ပြီး ပိုနေတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေ၊ ပြင်ပလောကနဲ့ လွဲမှားနေတဲ့ အချက်အလက် တွေကို ပြုပြင်လို့ ဒီထက် ပိုသေသပ်ပြီး ကောင်းမွန်ကျစ်လျစ် တဲ့အရေးအသားနဲ့ စာမူကို ကြိုးစားဖန်တီးထားပါတယ်။ လိုတိုးပိုလျှော့လုပ်ခဲ့တယ်ဆိုပေမဲ့ မလိုအပ်လို့ လျှော့ရတာထက် အခန်းစဉ်အသစ်တွေသာ ထပ်တိုးလာခဲ့ရပါတယ်။

အစက Wattpad Version အဖြစ် Wattpad မှာ
ဒီအတိုင်းပဲရှိပါစေတော့။ စာအုပ်ဟာလည်း စာအုပ်Version အဖြစ်အတိုင်းပဲ ထားလိုက်ပါတော့မယ်လို့ တွေးထားပေမဲ့ Wattpad မှာရှိနေမှာမဟုတ်တဲ့ ထပ်တိုးဖန်တီးထားတဲ့ အခန်းစဉ်တွေအတွက် စာဖတ်သူတွေအစား မတရားဘူးလို့ ခံစားမိပါတယ်။ အဲတာကြောင့်
ပြန်လည်စိစဉ်တည်းဖြတ်ထားတဲ့ Version ကို ကျနော် တင်လိုက်ပါတယ်။

ဤ Dear Doctor Handsome  Fic ထဲက ဇာတ်ကောင်တွေ၊ အဖြစ်အပျက်တွေဟာ ကျနော့်ရဲ့ စိတ်ကူးယဉ်လွန် ဖန်တီးမှုသက်သက်သာဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ထားခြင်းမရှိပါဘူး။  ဆေးပညာရပ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ၊ အချက်အလက်တွေ တစ်ခုခု မှားယွင်းလွဲချော်နေခဲ့မယ်ဆိုရင် ကျနော့် ပေါ့လျော့ညံ့ဖျင်းမှုအတွက် စာဖတ်သူတို့ကို လေးစားစွာဖြင့် အနူးအညွတ် တောင်းပန်အပ်ပါတယ်ခင်ဗျာ။

ရေးထားတာကြာပြီဖြစ်တဲ့ ဤ Fic လေးကိုဒီနေ့ ဒီအချိန်ထိ၊ ဒီလောက်နှစ်တွေကြာတာတောင် နှစ်သက်မြတ်နိုးစွာ တစိုက်မတ်မတ် ဖတ်ရှုအားပေးခဲ့ကြတဲ့ ကျနော့် စာဖတ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ စာတွေပုံမှန်မရေးဖြစ်တော့ဘဲ စာဖတ်သူတွေနဲ့ အဆက်အသွယ်ပြတ်တောက်နေရတဲ့အတွက်လည်း အမှန်တကယ် မျက်နှာပူအားနာရပါတယ်။

Dear Doctor Handsome စာအုပ်လေး ထွက်ရှိလာတဲ့အခါ ကျနော် Wattpad ကနေ စာဖတ်သူတွေကို ကြေငြာပေးပါ့မယ်ခင်ဗျာ။

ချစ်ခင်လေးစားစွာဖြင့်


မင်းမြတ်ခြံရံ

Dear Doctor Handsome [ Unicode + ZawGyi ]Where stories live. Discover now