"Jongin"

"Luhan"

Jonginတို့ပြန်​လာမည်​ဆို၍ Luhanနဲ့Sehun​ရောက်​လာကျသည်​။

"Kyungnie😭😭 လူဆိုး​ကောင်​"

Sehunအာပြဲနဲ့​ပေါ်ငိုပီး Kyungsooကို​ပြေးဖက်​သည်​။ခန္ဓာကိုယ်​ထွားတဲ့Sehunရင်​ခွင်​ထဲ Kyungsooမှာမြုပ်​လို့..

"​miyan hun ah.. "

"လူဆိုး​ကောင်​ မင်း ငါ့ကိုအသိမ​ပေးလို့ မ​ကျေနပ်​ဘူး"

"ဟုတ်​ပါပီကွာ.. မင်း​ကျေနပ်​တဲ့အထိ​တောင်းပန်​ပါတယ်​​နော်​.. "

"ကဲ သားတို့ပြန်​လာမယ်​​ပြောလို့ မာမီကလက်​စွမ်းပြထားတာ.. စားပီး​သောက်​ပီးမှစကားဆက်​ကျ​တော့"

ဒီလိုနဲ့ ထမင်းဝိုင်းမှာလူအများကြီးနဲ့​ပျော်​​ပျော်​ပါးပါးထမင်းစားကျသည်​။Sehunနဲ့Baekhyunဟင်းလုစားတာကိုကြည့်​ပီးရယ်​လိုက်​.. Xiuကို Kyungnieနဲ့Baekတို့ အပြိုင်​အဆိုင်​ဟင်းခွံ့​ကျွေးလိုက်​နဲ့ ​ထမင်းဝိုင်း​လေးဟာ ​ပျော်​ရွှင်​စရာ​ကောင်းခဲ့သည်​။

စား​သောက်​ပီး Luhanတို့လဲပြန်​သွားကျသည်​။
Baekhyunကလဲ သူ့အတွက်​​လုပ်ေ​ပးထားတဲ့အခန်းကိုဝင်​သွားသည်​။

Jonginကသူ့အခန်းထဲ Kyungsooပုခုံး​လေးကို​ဖက်ကာ​ခေါ်သွားသည်​။ခုတင်​​ပေါ်ထိုင်​လိုက်​ပီး..

"က​လေး​လေး.. အခန်းပုံစံကိုသ​ဘောကျရဲ့လား?မကြိုက်​ရင်​​ပြော​နော်​ ဦးချက်​ချင်း​ပြောင်း​ပေးမယ်​"

"ရပါတယ်​.. အဆင်​​ပြေ​နေတာဘဲကို.. သည်းငယ်​သ​ဘောကျပါတယ်​"

"ဦးရဲ့က​လေး​လေး သ​ဘောကျဖို့အ​ရေးကြီးတယ်​.. ​အော်​ ဒါနဲ့ ဦးတို့မင်္ဂလာ​ဆောင်​ပီး honeymoonဘယ်​သွားကျမလဲ?"

"သည်းငယ်​က​လေ ဒူဘိုင်းသွားချင်​တာ..ဟိုတခါ EXOရဲ့သီချင်းနဲ့ ​ရေပန်းဖွင့်​ပွဲလုပ်​သွားတာ​လေ. ဒူဘိုင်းကအရမ်းလှတာဘဲ.. သည်းငယ်​​ရောက်​ဖူးချင်​တာ"

"ဟုတ်​ပီ ဒါဆို ဦးစီစဉ်​လိုက်​​တော့မယ်​​နော်​"

"ဟုတ်​"

"ဦးနားမလည်​လို့​မေးဦးမယ်​.. ဘာလို့ဒူဘိုင်းကို​ရွေးတာလဲ.. သူများ​တွေဆို ကမ်း​ခြေ​တွေဘာ​တွေ​ရွေးကျတာ.. ကယ်​လီဖိုးနီးယားတို့.. ဟာဝိုင်​ရီတို့​လေ"

ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Unicode) ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Zawgyi)Where stories live. Discover now