🐻Dika🐧
💜Yaoi💜"Do Kyung Soo?ငါ့မိသားစုကိုပြိုကွဲအောင်လုပ်တဲ့ ပိုင်းလုံးကောင် Do Kyung Sooဆိုတာမင်းကိုး"
ပြောင်းလဲသွားတဲ့အခြေအနေကို Kyung Sooနားမလည်.. ခုနကဘဲ ကြင်ကြင်နာနာနဲ့ပြောနေတဲ့ ထိုလူကြီးက ချက်ချင်းဘဲ သူ့ကိုစိမ်းစိမ်းကားကားနဲ့ကြည့်ကာ ဒေါသတကြီးစွပ်စွဲတော့သည်။
"ခင်များက ဘာမို့လို့ သည်းငယ်ကိုအခုလိုလာစွပ်စွဲနေရတာလဲ?"
"ငါက Kim Jongdaeရဲ့သား Kim Jongin"
Kyung Sooပါးစပ်လေးဟကာ အံ့သြသွားရသည်။Jongdae arjushiပြောတဲ့ အသက်၃၃နှစ်အရွယ် သဘောင်္အင်ဂျင်နီယာတယောက်လို့ပြောလာတုန်းက ဤမျှလောက်ထိ ချောမောနုငယ်နေလိမ့်မည်လို့မထင်ထား..
"မင်းက ရုပ်ကလေးကြည့်တော့ရိုးသားမလိုနဲ့.. ပိုင်းလုံးဖြစ်နေတာမထင်ရဘူး.. အခုလဲ ငါ့ကားရှေ့တမင်လဲချတာမလား?မင်းရဲ့လှည့်ကွက်တွေထဲ ငါ့ဒယ်ဒီဘဲမျောရင်မျောမယ် ငါ့ကိုတော့မရဘူး."
"ဒီမှာ ဦးJonginစကားတွေလွန်နေပြီမထင်ဘူးလား? သည်းငယ်ကိုအဲ့လိုလာမစွပ်စွဲပါနဲ့.. သည်းငယ် ပိုင်းလုံးမဟုတ်ဘူး"
"အဟက် သူခိုးတွေသာ ခိုးပါတယ်ဝန်ခံရင် ကိုရီးယားအစိုးရတော့ ထောင်သားတွေထမင်းကျွေးရတာနဲ့တင် မွဲမှာဘဲ.. မင်းမို့လို့လုပ်ရက်တယ်.. ငါ့မိသားစုကိုပြိုကွဲအောင်လုပ်ပီး ငါ့ဒယ်ဒီကိုအပိုင်ချုပ်တာ.. အသက်အရွယ်နဲ့မလိုက်တော်လွန်းတယ်.. မင်းကို ငါအပြတ်ပြောလိုက်မယ် မင်းနဲ့ဒယ်ဒီရဲ့လက်ထပ်ပွဲကို ငါလုံးဝသဘောမတူဘူး.. အဲ့တော့ မင်းဘက်ကငြင်းလိုက်ပါ..အဲ့အတွက် ငါဘယ်လောက်ပေးရမလဲ"
"ဦးJonginထင်တာတွေလွဲနေပြီ.. ပြီးတော့ သည်းငယ် Jongdae arjushiကို ဘယ်တုန်းကမှအပိုင်မချုပ်ဖူးဘူး.. ဦးJonginပြောသလိုလဲ သည်းငယ်လက်ထပ်ပွဲကို မငြင်းနိုင်ဘူး..သည်းငယ်အပေါ်မှာ Jongdae arjushiကျေးဇူးတွေအများကြီးဘဲ.. "
आप पढ़ रहे हैं
ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Unicode) ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Zawgyi)
फैनफिक्शनJongin:"Do Kyung Soo?ငါ့မိသားစုပြိုကွဲအောင်လုပ်တဲ့ ပိုင်းလုံးကောင် Do Kyung Sooကမင်းကိုး" Kyung Soo:"ခင်များက ဘာမို့လို့ သည်းငယ်ကိုအခုလိုလာစွပ်စွဲနေရတာလဲ?" Jongin:"Do Kyung Soo?ငါ့မိသားစုပြိုကွဲေအာင်လုပ်တ့ဲ ပိုင်းလုံးကောင် Do Kyu...