🐻Dika🐧
မနက်လင်းတော့ Kyungsooနိုးလာသည်။
Jonginရင်ဘတ်ပေါ်ထပ်ပီးမှောက်ရက်ကြီးအိပ်ခဲ့တာမို့ သူ့ရင်ဘတ်တွေလဲနာနေသည်။
မျက်လုံးဖွင့်ကာ သူ့မျက်စိရှေ့က Jonginကိုကြည့်လိုက်တော့မနိုးသေး.. ပိတ်ကျနေတဲ့မျက်ခွံလေးတွေ.. မြင်နေရတဲ့မျက်တောင်စိပ်စိပ်လေးတွေ.. မနက်ခင်းရဲ့အစမှာဘဲ ဦးJonginဟာ ကြည်လင်ရှင်းသန့်နေသည်။
ဒါတောင် ဦးJonginပိန်ကျသွားသည်။
မျက်နှာလေးအနည်းငယ်ချောင်နေသည်။
မရိတ်ဘဲပစ်ထားကာ ပစ်စလတ်ခတ်နေပုံရသည်။နှုတ်ခမ်းမွှေးတိုတိုစိပ်လေးတွေတောင်ပေါက်နေသည်။
Kyungsoo.. Jonginကိုယ်ပေါ်ကနေအရင်လျောဆင်းလိုက်သည်။ပီးမှ Jonginကိုစောင်ပြန်ခြုံပေးလိုက်သည်။
မျက်နှာသစ်ပီး မနက်စာပြင်ဆင်ရသည်။Baekhyunကနိုးသေးပုံမပေါ်.. Baekhyunလဲသူ့ကြောင့်နဲ့အိပ်ရေးပျက်ရ၍ Kyungsooမနိုးဘဲထားလိုက်သည်။Baekhyunနဲ့သူ့အတွက်မနက်စာပြင်ပီး Jonginအတွက် စွပ်ပြုတ်ချက်လိုက်သည်။
မနက်စာအတွက် စားပွဲမှာပြင်လို့အပီး Baekhyun၀င်လာသည်။
"Mornee hyunee"
"Mornee.. ဟိုလူကော သက်သာလား?"
"အင်း ဒါပေမဲ့ အခုထိသတိမရသေးတာလား?အိပ်နေတာလားမသိဘူး.. စောင့်ကြည့်ရဦးမယ်"
Baekhyunစားပွဲမှာဝင်ထိုင်လိုက်သည်။
Kyungsooပါအတူဝင်ထိုင်ရင်း..
"Kyungnieမင်းဘယ်လိုလုပ်မယ်လို့စိတ်ကူးထားလဲ?"
"ဘာကိုလဲ?"
"အဲ့လူကိုလေ.. အခုအခြေအနေက မင်းတို့နှစ်ယောက်အဆင်ပြေသွားတာလား?"
"ပြေလည်သွားတယ်ဆိုရင်တောင် ငါတို့နှစ်ယောက်ကမဖြစ်နိုင်တော့ဘူးထင်တယ်"
"အဲ့လူလိုတဇွတ်ထိုးပုံနဲ့တော့ မင်းတို့ဇာတ်လမ်းဆက်ရှည်ဦးမှာဘဲ.. Kyungnie အခွင့်အရေးဆိုတာ ကိုယ်ဆီရောက်တုန်းအမိအရယူထားရတယ်ကွ.. မင်းလဲချစ်နေတုန်းဘဲကွာ ထပ်ပီးနာကျင်မခံပါနဲ့တော့.. မင်းတို့အမြန်ဆုံးအဆင်ပြေပါစေလို့ ငါဆုတောင်းပေးတယ်"
KAMU SEDANG MEMBACA
ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Unicode) ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Zawgyi)
Fiksi PenggemarJongin:"Do Kyung Soo?ငါ့မိသားစုပြိုကွဲအောင်လုပ်တဲ့ ပိုင်းလုံးကောင် Do Kyung Sooကမင်းကိုး" Kyung Soo:"ခင်များက ဘာမို့လို့ သည်းငယ်ကိုအခုလိုလာစွပ်စွဲနေရတာလဲ?" Jongin:"Do Kyung Soo?ငါ့မိသားစုပြိုကွဲေအာင်လုပ်တ့ဲ ပိုင်းလုံးကောင် Do Kyu...
