" ဟျောင့် ခန့်ကျော် မှာလေ "

" ထမင်းပေါင်းနဲ့ ဇီးဖျော်ရည်တစ်ခွက် "

" ပသျှူး တူး၊ ထမင်းပေါင်း ဝမ်း၊ ဇီး ဝမ်း၊ နို့သစ်ခွ ဝမ်း ဟေ့ "

ခန့်ကျော်မှာကာ ကဒ်ကိုပြန်ပေးပြီးနောက် စားပွဲထိုးကောင်လေး၏ မီးဖိုချောင်ကို လှမ်းအော်လိုက်သောအသံတို့က တစ်ဆက်ထဲ ထွက်ပေါ်လာလေသည်။

" ကဲ ဒါလေးကို ဒီဘက်ရွေ့လိုက်ရင် ငါယူသောက်လိုက်မိတာ မသိလောက်ပါဘူး။ ဟန်စစ် စားဦး။ အစ်ကိုလင်းခန့်ရော စားပါဦး "

ခုဏကယူသောက်မိသော အအေးခွက်ကို ဘေးကိုပို့လိုက်ပြီး ဝယ်လာသော ပဲပြားအစာသွပ်အိတ်ကို ဖွင့်လိုက်၍ ဟန်စစ်နဲ့ အစ်ကိုလင်းခန့်ကိုပါ စားဖို့ပြောလိုက်မိသည်။

" ကျေးဇူးပဲ ညီလေး။ မစားတော့ဘူး "

" ငါ စားမယ် တစ်ခုကျွေး ဟျောင့် "

အစ်ကိုလင်းခန့်ရဲ့ အငြင်းစကားနောက် လျှာလေးသပ်ကာ ပြောလာသော ဟန်စစ်စကားကတွဲပါလေသည်။ ခန့်ကျော် နှာခေါင်းရှုံ့လိုက်၍ အိတ်ထဲက ပဲပြားတစ်ခုကို ပေးလိုက်သည်။

" ရော့ အငတ် "

" လက်နဲ့ ကျောနဲ့ ဝေးနေလို့လား သားလေး။ "

အိစ် အဲ့တာတွေကြောင့် ဒီကောင့်ကို မသဒ္ဒါတာ

မပြောဖြစ်သောစိတ်ထဲက စကားလုံးတို့ကို မြိုချ၍ မကျေနပ်ချက်တို့ကို စု၍ ပဲပြားကိုသာစားဖို့ ကောက်ကာကိုက်လိုက်စဉ်

" ဟေ့ ကိုယ်တို့  ပြန်တွေ့ကြပြန်ပြီနော် ကလေးလေး "

မိမိပခုံးကို ဆုတ်ကိုင်ခံလိုက်တာနဲ့ တစ်ပြိုင်နက် ထွက်ပေါ်လာသောအသံကြောင့် နောက်ကိုလှည့်၍ ကြည့်လိုက်တော့ ထိုလူက မိမိကို ပြုံး၍စိုက်ကြည့်နေလေသည်။

အမ် ဟို လူယုတ်မာကြီး

အဲ့ဒီနေ့က မိမိလက်ထဲက အရုပ်ကို ယူသွားတဲ့လူကြီး။ ပြီးတော့ ပြီးတော့ …… ခန့်ကျော်တွေးနေရင်း ထိုနေ့က အဖြစ်အပျက်ကို ပြန်သတိရလာကာ ညာဘက်လည်ပင်းကို လွတ်နေသောလက်နှင့် ယောင်ယမ်းကာအုပ်လိုက်မိသည်။ ထိုနေ့က မိမိကိုမသိဘဲစနောက်ကာ ပြောနေသောထိုလူကို ကြည့်ရခက်လာကာ ယောက်ျားလေးတွေကိုစိတ်မဝင်စားဘူး။ ခင်ဗျားစိတ်ဝင်စားရင် နောက်တစ်ယောက်ပြောင်းရှာလိုက်ဟု သူပြောလိုက်တော့ မိမိကိုခနဲ့ကာ လက်ထဲကအရုပ်ကို ဆွဲယူသွားလေသည်။ ခနဲ့တာကိုဒေါသထွက်ပေမယ့် အရုပ်ကိုတော့အပါမခံနိုင်တာမို့ အင်္ကျီကိုဆွဲ၍ မိမိအရင်ယူထားကြောင်းကို ပြောလိုက်တော့ မြှုစွယ်နေတာလား မေးကာ ရှေ့တိုးလာသော ထိုလူကြောင့် လန့်၍နောက်ဆုတ်လိုက်တော့ ခါးကိုင်းလာပြီး မိမိနားနားကပ်၍

တစ်ရံရောအခါ.....Where stories live. Discover now