" Baekhyun...."

" ဟုတ်..."

" Nabi ကို ကိုယ်မချစ်ဘူး..."

" အဟက်..."

အမှန်အတိုင်းပြောပြသော်ငြား ကလေးငယ်က မယုံဘူးထင်၏ နာနာကျင်ကျင် ရယ်ပြန်သည်...

" Cherry စံအိမ်တော် က အထိန်းတော်ကြီး Gin နဲ့ ကိုယ့်စံအိမ်တော်က ဘဏ္ဍာရေးမှူး Kim တို့က ဝမ်းကွဲမောင်နှမတွေ...သူလည်း အထိန်းတော်ကြီး Gin,လို အကြားအမြင်ပညာရှင်ပဲ..."

အေးဆေးတည်ငြိမ်သော ရှင်းပြမှုအစ၌ပင် စိတ်ဝင်စားလာပုံရသော ကလေးငယ်က မျက်လုံးလေးပြူးကာနားထောင်နေပြန်သည်....

" အဲ့နေ့က ကိုယ် Nabi ကို မြင်မြင်ချင်း စွဲလမ်းမိသလိုဖြစ်သွားတယ် ပတ္တမြားလက်စွပ် ချွတ်ပေးရတဲ့အထိပေါ့...ဒါပေမယ့် ကိုယ်သိနေတာက ကိုယ့်စိတ်နဲ့ခန္ဓာတစ်ခုတည်း မကျသလို ခံစားရတာပဲ.....အဲ့လိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ Byun Nabi က ကိုယ့်ကိုအပိုင်ကြံချင်လို့ အောက်လမ်းနည်းပညာနဲ့ ဆက်နွယ်မှုရှိတဲ့ အထိန်းတော်ဆီကနေ အဆောင်ရေမွှေး ဆွတ်လာလို့ဆိုတာ...ဘဏ္ဍာရေးမှူး Kim,ပြောမှ ကိုယ်သိလိုက်ရတယ်..."

" ဗျာ...Noona,က "

တအံ့တဩ နဲ့ မေးလာခဲ့တဲ့ကလေးငယ်ကို ခေါင်းကိုအသာငြိမ့်ပြလိုက်မိသည်...
ဒါပေမယ့် သူ့ရဲ့အစ်မက သူလေးကိုပါ မကောင်းကြံနေသည်ကိုတော့ ကလေးငယ်ကို မပြောဖြစ်...စိတ်မရှုပ်စေချင်လို့ ဆိုပါတော့...

" ဪ...အဲ့လိုတွေ ရှိခဲ့တာကို..."

ခြေထောက်လေးဆင်းထိုင်ကာ ခေါင်းလေးတငြိမ့်ငြိမ့်ပြောလာသည့် ကလေးက တကယ်ကို လူကြီးလေးတစ်ယောက်လိုပင်...

" Baekhyun,"

"ဗျာ..."

ခေါ်သည်နှင့် ဆံပင်လေးတွေ လေထဲပျံဝဲကာ ချာကနဲနေအောင် လှည့်လိုက်သည့် သည်ကလေးကို အူယားလွန်းလို့ မြိုချပစ်ချင်လာမိသည်..

"အပြန်မှာတွေ့ရတဲ့ ချယ်ရီပင်အောက်က ကောင်လေးရဲ့ပုံရိပ်ကျတော့ ကိုယ်စိတ်လိုလက်ရ မြတ်နိုးမိသွားတာ.... ရင်ထဲအေးချမ်းသွားတာ.... ကိုယ်ပေးတဲ့ ချယ်ရီခက်ကို ပန်ထားတဲ့ ကောင်လေးကို မျက်လုံးထဲကကို ဖျောက်မရတာ....လှတယ်... မြတ်နိုးမိတယ်... "

" အာ...သခင်ကြီးကလည်း..."

သူလေးမျက်နှာလေး ရဲကနဲဖြစ်သွားပုံရ ရှက်သွားပြီထင်သည်...

" သခင်ကြီး... ကျနော့ကို မချစ်ပဲ သနားရုံသက်သက်နဲ့တော့ သခင်ကြီးလိုအနေအထားနဲ့ အနစ်နာမခံစေချင်ဘူး.."

" သနားရုံသက်သက်နဲ့တော့ ချစ်တယ်လို့ ဖွင့်ပြောမိမယ့်သူမဟုတ်ဘူး ကလေး...
မင်းနဲ့ပတ်သတ်လို့ ခံစားရတဧ့ ကိုယ့်နှလုံးသားအကြောင်း ကိုယ်သာ အသိဆုံးပါ.....
ကလေးအကြောင်းတွေ သိလိုက်ရတော့ သံယောဇဉ် ပိုတိုးလာတယ်...သနားတယ်...ကြင်နာပေးချင်တယ်...မေတ္တာပေးချင်တယ်  ..... စစ်မှန်တဲ့ချစ်ခြင်းမေတ္တာကို ကိုယ့်ချစ်သူဆီက ရတာမျိုး ခံသားကြည့်စေချင်တယ်.... ကလေးအတွက်လေ....အရှေ့ကနေ ကာကွယ်ပေးချင်တယ်.... ဒါအချစ်မဟုတ်လို့ ဘာဖြစ်ဦးရမှာလည်းကွာ.."

စကားအဆုံးမှာ မိမိအား တင်းကျပ်စွာဖက်လာပါသော ကလေးငယ်...

" အီးဟီး....ကျနော့်ကို အဲ့လောက်ထိ အလေးအနက်ထားခဲ့တာလား သခင်ကြီးက....
ကျနော်မထင်ထားဘူး...."

မျက်ရည်တွေ ရွှဲနစ်ကာ နေသော ကလေးငယ်ကို နွေးထွေးစေသည့် ရင်ခွင်ကျယ်ထဲ ထည့်ထားရင်း...ချွေးနစ်နေသော နားသယ်စလေးကို နှုတ်ခမ်းတို့ဖြင့် ထိကပ်ထားမိသည်....

မေတ္တာတို့နှင့် နွေးထွေးစေမည့် ကိုယ့်ရင်ခွင်ထဲ ထိုကလေး နာကျင်ရသမျှကို စိတ်ရှိလက်ရှိ ငိုပါစေလေ......
ကလေးကို မျက်ရည်သုတ်ပေးမယ့် ကိုယ့်လက်တစ်စုံ ရှိနေတာမို့....❤❤

•••••••TBC•••••••

သခင်ကြီးယောလ်ရဲ့ စိတ်ကို ရှင်းရှင်းလင်းလင်း သိသွားပြီလို့ မျှော်လင့်ပါတယ်နော် ❤❤

#EaintThiriAung
#real_etra 💫💫💫

" Tears of Cherry " [ Chanbaek ]Donde viven las historias. Descúbrelo ahora