တစ်လုံးချင်းပြောနေသော အက်ကွဲနေသော ကလေး၏ အသံကို ကြားရတဲ့အခိုက် မျက်ဝန်းတို့၌ နာကျင်ကြေကွဲရိပ်တို့ကို မြင်လိုက်ရသည့်အခိုက်.... မခံစားတတ်ဘူးထင်ထားသော ဝဲဘက်ရင်အုံက စူးကနဲ...
" သူက ဘာဖြစ်လို့လဲဟင် "
မကြားရက်သော်ငြား သိချင်လိုချင်စိတ်နဲ့ စူးစမ်းကြည့်မိတော့ အံတင်းတင်းလေးကြိတ်ကာ ဖြေလာသော ကလေးငယ်...
" ကစားခဲ့တာ.... အပျော်တွဲခဲ့တာ... ခုနက သခင်ကြီး ကျနော့ကို ကြည့်တဲ့အကြည့်မျိုးတွေနဲ့ အကြိမ်ကြိမ် ယုံအောင်လုပ်ပြီး.. ကျနော့ကို အယုံသွင်းပြီး ကျနော့ရဲ့ အချစ်တွေကို ညာယူခဲ့တာ...
နောက်ပိုင်းကျတော့ ကျနော့ကို သူနဲ့ဘာမှ မဆိုင်တဲ့လူတစ်ယောက်လို ပစ်ပယ်ထားတယ်... ကျနော်လေ... သူ့ကိုတကယ်ချစ်ခဲ့တာ....ဒါပေမယ့် ကျနော်ဆက်မဆွဲထားချင်တော့ဘူး... သူ့ကို လွှတ်ချပစ်ခဲ့တယ်..... ဒါပေမယ့်... သူနဲ့ပတ်သတ်တဲ့ စိတ်ဒဏ်ရာတွေရှိတုန်းပဲ.... ရုတ်တရက် အဲ့အကြည့်မျိုး မြင်လိုက်ရတော့ ကျနော် စိတ်လွတ်သွားခဲ့မိတယ်...
တောင်းပန်ပါတယ်... သခင်ကြီး.... ကျနော် တောင်းပန်ပါတယ်..."
အသည်းမာလှပြီဟုထင်ထားခဲ့သော.....ခံစားချက်မဲ့သည်ဟု ထင်ထားခဲ့သော ကျနော် Yeol ၏ နှလုံးသားသည်.. ထိုကလေး၏ အကြောင်းစုံကို သိလိုက်ရသည့်အခိုက်မှာ ထူးဆန်းစွာ နွမ်းလျသွားသည်....
ထွေးပွေ့ချင်စိတ်တွေ တားဆီးမရသည်မို့ ကိုယ်လုံးငယ်လေးကို ရင်ခွင်ထဲ သိမ်းကျုံး ဖက်ပစ်လိုက်သည်....
သို့သော် ကလေးငယ်က ငြင်းဆန်တွန်းဖယ်လာခဲ့လေသည်....
" တော်ပါတော့ သခင်ကြီး.... ကျနော် မရှက်မရှိပြောရရင် သခင်ကြီးကိုချစ်ခဲ့မိတယ်...မြင်မြင်ချင်းပေါ့....ဒါပေမယ့် သခင်ကြီးချစ်တာ Noona Nabi ဆိုတာ ကျနောသိတာမို့ ဒီတိုင်းလေးပဲငေးကြည့်နေပါရစေ...အဲ့အနေအထားက ဟန်ဆောင်ချစ်ခံရမှာထက် သက်သာဦးမယ်ထင်လို့.."
နားလည်မှုလွဲမှားစွာနှင့် နှုတ်ခမ်းပါးကို ပြတ်ထွက်မတတ်ကိုက်ထားရင်း မျက်ရည်ပိုးပိုးပေါက်ပေါက်ကျကာ နာကျင်နေပုံပေါ်သည့် ကလေးငယ်ကို အမှန်တရားတစ်ခု ရှင်းပြမှ ဖြစ်ပေတော့်မည်မို့ ဂုဏ်သိက္ခာတို့က ဘေးဖယ်ကာ ကလေးနည်းတူ ကြမ်းပြင်ထက်တွင် ထိုင်ချရင်း ကလေးနှင့် မျက်လုံးချင်းဆုံကြည့်လိုက်သည်...
ESTÁS LEYENDO
" Tears of Cherry " [ Chanbaek ]
Fanfictionထိတွေ့ခွင့်ရမယ်ဆိုရင် မင်းမျက်ရည်တွေကို သုတ်ပေးချင်မိတယ် ချယ်ရီ...
^^TOC~5^^
Comenzar desde el principio
![" Tears of Cherry " [ Chanbaek ]](https://img.wattpad.com/cover/152988826-64-k553071.jpg)