စံအိမ်ကြီး၏ double stair ဘေးရှိ စန္ဒရားခုံတွင် ထိုင်နေသော သခင်ကြီး Park သည် မိမိကိုမြင်သည်နှင့် တဖြည်းဖြည်း လျှောက်လာသောကြောင့် ရင်ခုန်သံတွေ ပရမ်းပတာ ဖြစ်ခဲ့ရလေသည်...
နဂိုတည်းက ခန့်သောသခင်ကြီး၏ မျက်နှာအစိတ်အပိုင်းတို့သည် hair up လုပ်ထား၍ ပို၌တည်ကြည်ခန့်ညားသွားလေသည်..
" ရောက်လာပြီလား Baekhyun "
" ဟုတ်ကဲ့...သခင်ကြီး Yeol ကို ဂါရဝပြုပါတယ်.."
90° bow ဖြင့်အရိုအသေပေးမိသည့် အခိုက်အတန့်...မိမိ၏ ပုခုံးလေးပေါ် နွေးထွားစွာရောက်လာသော လက်ဖဝါးတစ်စုံကြောင့် မေ့ကြည့်မိလေတော့ အမြဲတည်ကြည်ခက်ထန်နေသော သခင်ကြီးဆီမှ ရှားပါးသည့်အရိပ်တစ်ချို့ဖြတ်သန်းနေသော မျက်ဝန်းတစ်စုံကို မြင်တွေ့လိုက်ရသည်...
ဒီလို အကြည့်....ဒီလိုအကြည့်တွေ ဗန်ဒါစေ့ပုံစံ မျက်ဝန်းပိုင်ရှင်ဆီကရဖူးသည်...ဟုတ်တယ် .... ဒါ လှည့်စားတတ်သူတွေရဲ့ အကြည့်.....
ရက်ရက်စက်စက် စိတ်ဒဏ်ရာပေးတတ်သူတွေရဲ့အကြည့်.....
" ဟင့်အင်း.... ဟင့်အင်း...."
မျက်လုံးတွေဝေဝါးလာပြီ ခြေတွေပါခွေကျသွားသည်ထိ ဖြစ်သွားသည့်တိုင် ခေါင်းကို အတွင်တွင်ခါရမ်းရင်း အားကုန်သုံးကာ သခင်ကြီး Yeol,ကို တွန်းလို်က်မိသည်....
" Baekhyun...Baekhyun...သတိထားဦးလေ..."
ရုတ်တရက်ပြောင်းလဲသွားတဲ့အခြေအနေကြောင့် Chanyeol နားမလည်သော်လည်း တုန်ရီနေသော ကိုယ်လေးကို ဆွဲဖက်ထားလိုက်မိသည်....
ဒါတောင် အတင်းရုန်းကန်နေသည့်ကလေးသည် တစ်ခုခုကို ကြောက်နေသယောင်...
" Baekhyun...ကိုယ်လေ...Yeol...သတိထားဦး "
ပုခုံးလေးကို အခါခါပုတ်ပြီး သတိပေးကာမှ မျက်ရည်အပြည့် မျက်ဝန်းလေးတွေနဲ့ မော့ကြည့်လာလေသော ကလေးငယ်...
" သိတယ်....သခင်ကြီးမှန်းသိတယ်....သခင်ကြီးကတော့ ဟိုလူလို မလုပ်ဖူးမလား...ဟင့် "
အဖျားခတ်တုန်ရီနေသော ကလေးငယ်၏ စကားကြောင့် စိတ်ဝင်စားသွားမိသည်....
" ဘယ်သူ့လိုလဲ ကလေးငယ်..."
" Kim Min....duk.... ,ကျ....နော့..
ရည်း....စား..ဟောင်း..."
ESTÁS LEYENDO
" Tears of Cherry " [ Chanbaek ]
Fanfictionထိတွေ့ခွင့်ရမယ်ဆိုရင် မင်းမျက်ရည်တွေကို သုတ်ပေးချင်မိတယ် ချယ်ရီ...
^^TOC~5^^
Comenzar desde el principio
![" Tears of Cherry " [ Chanbaek ]](https://img.wattpad.com/cover/152988826-64-k553071.jpg)