အခုလည်း သူကတိပေးထားတဲ့အတိုင်း လက်ဆောင်ပေးမလို့ဆိုပြီး သူ့အစောင့်အကြပ်တွေနဲ့အတူ ဟိုကောင်လေးကို သင်္ဘောနဲ့လိုက်လာဖို့ ခေါ်ခိုင်းလို်က်လို့..အဲ့ Byun Baekhyun က ပါသွားပြီ..အဲ့ဒါ ဖြစ်သင့်တဲ့ ကိစ္စလား စဉ်းစားပါဦး..."

"မွေးနေ့တုန်းက သုံတဲ့ဆေးထက် ကောင်းတာ ရှာခိုင်းထားပါတယ် သခင်မလေး.."..

" သေချာလို့လား...ပိုကောင်းတယ် ဆိုတာ.... အထိန်းတော်ကြီးဆေးက ဟိုနေ့ကဆို သခင်ကြီး စိတ်ကို ခဏပဲ ယိမ်းယိုင်အောင် လုပ်နိုင်ခဲ့တာ....ကျမက တစ်ဘဝလုံးစာ ပိုင်ဆိုင်ချင်တာ...Cherry စံအိမ်နဲ့ Sakura စံအိမ်ရဲ့ သခင်မဟာ ဒီက Byun Nabi တစ်ယောက်တည်းပဲ ဖြစ်ချင်တာ....ဟင်း ဟင်း...."

သခင်မလေး၏ စိတ်ဆန္ဒပြင်းပြမှုကြောင့် Choi အထိန်းတော်ကြီးလည်း နတ်ဆရာကြီးဆီ သွားဖို့ ဆုံးဖြတ်လိုက်ရလေသည်....ဒီကိစ္စအောင်မြင်အောင် လုပ်ရမည် မဟုတ်ပါလား....

°°°°°°°°°°°°~~~~~~~~°°°°°°°°°°°°°

" Sakura စံအိမ်တော် " တွင်ကား.... အဝင်အဝ အပေါက်ဝ၌ အိမ်တော်ကြီး၏ ခမ်းနားမှုကိုကြည့်ရင်း.ပါးစပ်အဟောင်းသားနှင့် ကောင်လေးတစ်ယောက် ရှိနေလေသည်....
ထိုကောင်လေးကား.Cherry စံအိမ်တော် ၏ သခင်လေး....Byun Baekhyun ပင်...

အကြောင်းကား.... ဆန်းကြယ်လှပလွန်းသည့် စံအိမ်၏ တည်ရှိပုံကြောင့်ပင်.... မိမိတို့သည်လည်း သခင်မျိုးနွယ် အထပ်တန်းစားများဖြစ်ပြီး အိမ်ကြီးအိမ်ကောင်း ပိုင်ဆိုင်သော်ငြားလည်း သခင်ကြီး Yeol ၏စံအိမ်လာက် မခမ်းနားသည်မှာ အမှန်ပင်...

Sakura စံအိမ် သည် အတော်အတန်မြင့်သော ကုန်းမြင့်ကြီးပေါ်၌ အဖြူရောင်ရဲတိုက်ကြီးသဖွယ် ဝံ့ကြွားစွာရှိလေသည်...

တော်ခြေမှ ရဲတိုက်အထိ လျှောက်လမ်းတစ်လျှောက်၌ ဆာကူရာပန်းပင်တို့ ဘေးတစ်ဘက်တစ်ချက်စီ၌ စီတန်းပေါက်ရောက်နေလေသည်....

ဆယ်မိနစ်လောက်လျှောက်လိုက်မှ ရောက်သော စံအိမ်ရှေ့သို့ရောက်လေသော် အစောင့်အကြပ်တို့က တံခါးဖွင့်ပေးလိုက်သည်နှင့်တပြိုင်နက် စံအိမ်ကြီး၏ အတွင်းပိုင်းအပြင်အဆင်ကို ထည်ထည်ဝါဝါ တွေ့လိုက်ရသည်...

" Tears of Cherry " [ Chanbaek ]Where stories live. Discover now