အရုပ်ဆိုင်ရောက်တော့ နေမင်းလေးအတွက် အရုပ်ရွေးနေရင်း ပီကာကျူးအရုပ်လေးကို လက်အလှမ်း တစ်စုံတစ်ယောက်က ယူလိုက်တာမို့ သူကြည့်လိုက်တော့

ဟင် ဟိုတစ်နေ့က city expressက ကောင်လေးပါလား

သေချာတာပေါ့ ဟိုတစ်နေ့က city express မှာ မိမိလူမှားပြီး ခေါက်ဆွဲပြုတ်ခိုင်းခဲ့မိသည့် မှန်ကြောင်လေးပဲ။ အနက်ရောင်ဆံပင်တို့က နဖူးရှေ့ခပ်ဝဲဝဲလေးကျနေပြီး မျက်မှန်လေးနဲ့ ထိုကောင်လေးက ပီကာကျူးအရုပ်လေးကို ကြည့်ကာသဘောကျနေသောပုံစံက တကယ့်ကလေးလေးအလား။ ချောင်းတစ်ချက်ဟန့်လိုက်ပြီး ထိုကလေးလေးကို သူအရင် စနှုတ်ဆက်လိုက်သည်။

" အဟမ်း ဟေ့ ကလေးလေး ကိုယ်တို့ပြန်တွေ့ကြပြန်ပြီနော် "

" ကျွန်တော့ အသက် ၁၇ရှိပြီ တက္ကသိုလ်တက်နေတာ ကလေးမဟုတ်ဘူးဗျ "

မျက်မှန်တစ်ချက်ပင့်တင်ကာ စွာတာတာလေးပြောလာသော ထိုကလေးလေးကြောင့် သူရယ်မိကာ

" ခွီး ကလေးမဟုတ်လို့သာပဲကွာ ဟုတ်နေလို့ကတော့ တစ်ဆိုင်လုံးက အရုပ်တွေဝယ်မလားမသိ "

" ကလေးပဲ အရုပ်ဝယ်ရမယ်လို့ ဘယ်ဥပဒေက သတ်မှတ်ထားလို့လဲ "

သူ့စကားကို မျက်မှောင်ကြုတ် ခါးထောက်ကာ ပြောလာသော ထိုကလေးလေးကို ပခုံးတစ်ချက်တွန့်ပြ၍

" မသိဘူးလေ ကလေးတွေပဲ အရုပ်ဝယ်ကြတာမဟုတ်လား "

" ကျွန်တော်ဘာသာ ပီကာကျူးကြိုက်လို့ ပီကာကျူးအရုပ်ဝယ်တာ ခင်ဗျားအပူပါလား "

" ဟားးး မင်းလေးက တစ်ကယ့်ကလေးလေးပဲ "

သူ့ရှေ့က မှန်ကြောင်လေးကို အသည်းယားလာကာ ပါးနှစ်ဖက်ကိုဆွဲ၍ ပြောလိုက်တော့ သူ့လက်ကို အတင်းဆွဲ၍ ဖယ်ကာ

" အားး!!  နာတယ်ဗျ …… ဟေ့လူကြီး ခင်ဗျားသားသမီးမဟုတ်တိုင်း သူများသားသမီးကို အနိုင်ကျင့်မနေနဲ့ "

" sorry sorry ကိုယ်မရည်ရွယ်ပါဘူးကွာ အရမ်းနာသွားလား "

သူစိုးရိမ်သွားကာ ပါးနှစ်ဖက်ကို သာသာလေးထိ၍ ပြောလိုက်တော့ မိမိလက်တွေကို ပုတ်ထုတ်၍

တစ်ရံရောအခါ.....Where stories live. Discover now