"​တော်​ပြီ Appa နဲ့မ​ပြော​တော့ဘူး ​​ပြောစရာက ဒီတစ်​ခုထဲရှိတာလား"

"​ကောင်းပြီ ငါမ​ပြော​တော့ဘူး ဒါ​ပေမဲ့မနက်​ဖြန်​ Royal
လုပ်​ငန်းစု ရဲ့ ဂုဏ်​ပြု Dinner စားပွဲကို မင်း Junny နဲ့အတူတက်​ရမယ်​ ငြင်းဖို့မကြိုးစားနဲ့ "

"Appa.."

"CEO shi ဒီဖိုင်​​လေး​တွေ လက်​မှတ်​ထိုး​ပေးပါ"

အ​ဖေနဲ့ စကား​ပြော​နေစဉ်​ ရုံးခန်းအတွင်းသို့ ဝင်​လာ​သော Baekhyun ​ကြောင့်​ Chanyeol အံ့ဩသွားသည်​။ အ​ဖေ့ကို မြင်​မြင်​ချင်း ပျက်​သွား​သော Baekhyun မျက်​နှာ​ကြောင့်​ တစ်​ခုခုရှိမည်​မှာ ​သေချာသည်​။

"ဟို ကျွန်​​တော်​​နောက်​မှလာခဲ့ ..."

"ခဏ​လေး မင်းက Byun Baekhyun မလား"

Baekhyun စကားမဆုံးမှီမှာပင်​ ဖြတ်​​ပြောလိုက်​​သော Park Yongmin ​ကြောင့်​ Baekhyun အရိုအ​သေပြုကာ ​ခေါင်းညိတ်​လိုက်​သည်​။

"Chanyeol ငါသွားပြီ Baekhyun မင်းငါ့​နောက်​ခဏလိုက်​ခဲ့"

"ဟုတ်​ကဲ့"

ဟုဆိုကာ အ​ဖေ့​နောက်​သို့လိုက်​သွား​သော Baekhyun
ကြောင့်​ Chanyeol ​နောက်​မှသူတို့မသိ​အောင်​ လိုက်​သွားသည်​။ သူတစ်​ခုခု​တော့ အတည်​ပြုဖို့ လို​နေပြီ ။

"Byun Baekhyun မင်း​တော်​​တော်​ မျက်​နှာ​ပြောင်​လှချည်​လား ဘာ​ကြောင့်​ ဒီကိုပြန်​လာတာလဲ "

"မပူပါနဲ့ သူ​ဌေးကြီး ကျွန်​​တော်​တို့က ဒီအတိုင်း လုပ်​ငန်းရှင်​နဲ့ ဝန်​ထမ်းဆက်​ဆံ​ရေးပါ အရင်​ကဟာ​တွေက အတိတ်​မှာ ထားခဲ့ပြီးပြီမို့ စိတ်​ချပါ"

"​အေး မင်းတို့မရိုးမသားတစ်​ခုခုကြားတာနဲ့ ငါအရင်​က​ပြောခဲ့သလိုဘဲ မင်းမိသားစုကို ဖျက်​ဆီးပစ်​ရလိမ့်​မယ်​ ငါ့သားက ငါ​ပေးစားတဲ့ မိန်းမဘဲယူရမှာ "

"ဟုတ်​ကဲ့ အဲလိုမျိုး​နောက်​ထပ်​ဖြစ်​လာစရာမရှိတာမို့ ကျွန်​​တော့်​မိသားစုကို ချမ်းသာ​ပေးပါ အရင်​တုန်းက ​ဆယ်​​ကျော်​သက်​အရွယ်​မို့ ဖြစ်​ခဲ့တာပါ "

"​ကောင်းပြီ မင်းကတိကိုမင်းတည်​ပါ ငါသွားပြီ "

Chanyeol ​နောက်​မှလိုက်​လာရင်း ကားပါကင်​တွင်​ နှစ်​​ယောက်​သား​ပြော​နေကြသည့်​ စကားကိုကြားပြီး အံ့ဩသွားသည်​။ တကယ်​​တော့ ကိစ္စအားလုံးက အ​ဖေကြိုးကိုင်​ပြီး ဖန်​တီးခဲ့တာဘဲ ။ ဒါ​ကြောင့်​ Baekhyun က သူ့မိသားစုကိုကာကွယ်​ဖို့ သူ့ကိုစွန့်​လွှတ်​ခဲ့တာ​ပေါ့ ။ ဟား ဒါ​တွေကို မသိဘဲ သူက Baekhyun ကို အထင်​လွဲ​နေခဲ့တာဘဲ ။ အ​ဖေက တိုက်​ပွဲကို ဖြစ်​​အောင်​ စီစဉ်​ခဲ့ တာဘဲ ။

Dreams(Completed)Dove le storie prendono vita. Scoprilo ora