Chapter ( 33 ) 38*

Start from the beginning
                                    

ဘာဖြစ်လို့ နမ်းတာလဲဆိုတာ မမေးနဲ့၊ ချစ်လို့၊ အူယားလို့၊ပြီးတော့ ကိုယ့်ကိုနောက်တဲ့အတွက်ရော ဒဏ်ပေးတာ။

အဲဒီ ကျားနဲ့ဆင်ဟာ အခုတော့ ဆေးကျောင်းမှာတွေ့ပြီးချစ်သွားကြပြီလေ။

ဟုတ်ကဲ့ ကျနော် မောင်ထွန်းကိုကိုဟာ ဟောဒီက စိုင်းမင်းခန့်ဆိုတဲ့ကောင်လေးကို လက်ထပ်ခွင့်ရချင်လို့ အတော်ဖြစ်နေခဲ့တာ ကြာပါပြီခင်ဗျ။ Yes Yes Yes Yes

ဒီအချိန်ကစပြီး ကိုယ့်ဘဝမှာ မင်းတစ်ယောက်ပဲ
ရှိတယ် ။ ကိုယ်မင်းကို ဘာအကြောင်းကြောင့်နဲ့မှ
မခွဲဘူး ။ ဒီလက်စွပ်လေးတွေဟာ ကိုယ့်
ကတိအတွက် သက်သေပဲ ။

အဲကြရင် ကိုယ်တို့ ဒီအသိုင်းအဝိုင်းကို စွန့်ခွာကြတာပေါ့၊ ကိုယ့်နောက်ကို စိုင်းလေး လိုက်ရဲလား။ဆယ်ခါပြန်မငြင်းဘူး ဆရာ၊ ဘယ်ကမ္ဘာဖြစ်ဖြစ်
ကျနော် လိုက်ရဲတယ်။

သူ ရှိသမျှ အားကုန်သုံးကာ ထဖို့ကြိုးစားလိုက်သည်။ သက်သက်ဝေက သူ့လက်မောင်းကို ဆုပ်ကိုင်
လျက် ထူပေးသည်။ သူ သူမကို တွန်းဖယ်လိုက်ကာ ကိုယ်ဘာသာကိုယ် ကြိုးစားထရပ်လိုက်၏။ ချာချာလည်အောင် မူးဝေနောက်ကျိနေပြီး ယိမ်းထိုးချောက်ခြားကာ လူတစ်ကိုယ်လုံး ချွေးစေးများဖြင့် ရွှဲနစ်အေးစက်လျက်ရှိသည်။ ခြေလှမ်းတွေ မလှမ်းနိုင်တော့လောက်အောင်  ခန္ဓာကိုယ်ကြီးတစ်ခုလုံး လေးလံနေခဲ့သည်။ ထို့နောက်မှာတော့ တစ်စုံတစ်ယောက်က သူ့ကို
ချောက်ကမ်းပါး ကနေ တွန်းချ ခံလိုက်သလို
လွင့်ခနဲ ပြုတ်ကျသွားကာ အရာအားလုံးမှောက်မိုက် သွားပါတော့သည်။

သူ သတိရလာချိန်မှာတော့ ခေါင်းအနည်းငယ် အုံခဲနေဆဲဖြစ်သည်။ သူ ဘယ်ရောက်နေတာလဲ။
ရင်းနှီးနေသော အနံ့တစ်မျိုးကြောင့် ဆေးရုံမှန်း ချက်ချင်း ခန့်မှန်းမိလိုက်သည်။ ထို့နောက် သူ့အတွေးအာရုံထဲ ပထမဆုံးဝင်လာသူက စိုင်းလေး။ သူ ကြိုးစားပြီးထလိုက်သည်။ အဲသည်အချိန်မှာပဲ အခန်းထဲကို သက်သက်ဝေ
ဝင်လာကာ သူ့လက်မောင်းကို
အပြေးလွှားဆုပ်ကိုင် ထူပေးသည်။

Dear Doctor Handsome [ Unicode + ZawGyi ]Where stories live. Discover now