အပိုင်း(၁)

12.3K 395 9
                                    


လူတွေ အုတ်အုတ်ကျက်ကျက်နဲ့
စိတ်ဝင်တစား ဝိုင်းလာကြပြီ....!!
ဒါပဲပေါ့....။

ဒီအရာဟာ အသက်ရှင်ရပ်တည်ဖို့အတွက်
ကျွန်တော်လုပ်လေ့ရှိတဲ့ အလုပ်တစ်ခုပါ....။
လူအများ စိတ်ပါဝင်စားအောင် နည်းနည်းတော့
ဆွဲဆောင်ရတာပေါ့....။
ခြေသလုံးအိမ်တိုင် ကချေသည်တစ်ယောက်အနေနဲ့
လေးလေးနက်နက် လုပ်ဆောင်ရတဲ့အရာတွေထဲမှာ
ကျွန်တော် ကျွမ်းကျင်သော ကခြင်းအလုပ်လည်း တစ်ခုအပါအဝင်ဖြစ်သည် ။
တောက်ပသော အပြုံးများကလည်း အဆစ်သဘောအနေနှင့်ပါသေးသည်လေ ။

နည်းနည်းတော့ ကိုးရိုးကားယား နိုင်ပေမယ့်
ကျွန်တော်က ဟန်ချက်ကိုလည်း ထိန်းထားနိုင်သေးတယ်ဗျ....!

ကျွန်တော့်မှာ နောက်ထပ်အလုပ်တစ်ခုရှိသေးသည်.......
၎င်းကတော့ ထွက်ပြေးခြင်းပင်ဖြစ်သည်.....။
ကျွန်တော်သည် အရှောင်အပုန်းလည်း အမှန်တကယ်
ကျွမ်းကျင်သည် ...။
မြို့တစ်မြို့တွင် တစ်ရက်နေပြီးလျှင် နောက်တစ်နေ့
ထိုမြို့တွင် ကျွန်တော့်ကို ရှာလို့တွေ့မည် မဟုတ်တော့ပါ..... ။
တစ်နေရာထဲတွင် မနေသည့်အတွက် အခက်အခဲတော့
နည်းနည်း ရှိသည်.....။
ကျွန်တော် သဘောကျမိသောလူများရှိပေမယ့်လည်း.....

မည်သူ့ထံတွင်မှ ကျွန်တော် မနေဖြစ်.....။

ထိုကြောင့်လည်း အားလုံးနှင့်ခပ်တန်းတန်းသာ နေသည် ။
အမှန်တကယ်တော့ ကျွန်တော်သည် ကြင်နာတတ်ပြီးခင်တတ်သော ပုံစံမျိုးကို သရုပ်ဆောင်သောနေရာမှာ အလွန် တော်ပါသည်.....။
ဤသို့ဖြင့် ကျွန်တော် လိမ်တတ်လာခဲ့သည် ။
လိမ်ခြင်းသည် အလွန်လွယ်ကူသော အလုပ်ဖြစ်သည်...။
အထူးသဖြင့် ကျွန်တော့်ကို လူအများ မမှတ်မိသောအချိန်တွင် ပို၍ထိရောက်သည်...။

ကျွန်တော် တစ်ခါမျှ မလုပ်ဖူးသောအလုပ်လည်း ရှိသေးသည် ။
၎င်းကတော့ ခိုးခြင်းပင်....။
ကျွန်တော် တစ်ခါတော့ ကြိုးစားကြည့်ဖူးသည်.....
သို့ပေမယ့်လည်း အောင်မြင်အောင် မလုပ်နိုင်ခဲ့....။
နောက်ဆုံးမှာတော့ ကျွန်တော် လုပ်နိုင်သောအရာကိုသာလျှင်
စိတ်နှစ်ထားလိုက်တော့သည်....။
ဤအရာကတော့ ကခြင်းပင် ဖြစ်သည်.....!
မည်သည့်ကကွက်နှင့်မျှ မတူသော ကခြင်းမျိုးပါ.......!!!ဒီလို
ကကွက်မျိုးကို ဓားသွားများနဲ့ကခုန်ခြင်းလို့ ခေါ်သည်.... ။

ကန္တာရ ကချေသည် (Myanmar Translation) Where stories live. Discover now