" ရပါတယ်....ဒါနဲ့ မင်း ငိုထားတာလား ဘတ်ဟျွန်း.."
သတိမထားမိခင်မှာပင် ဒူးထောက်ထိုင်ချကာ မိမိလက်တို့က ကောင်လေး၏ မျက်ရည်စတို့ကို သုတ်ပေးနေမိလေပြီ....
သခင်ကြီးယောလ်လည်း မိမိကိုယ်မိမိ အံ့ဩမိသည်မှာ အမှန်ပင်....ဗြောင်မျိုးဆက်တို့စံရာ "ချယ်ရီစံအိမ် " ကိုရောက်ကာမှ သခင်ကြီးယောလ် ဆိုသည့် ဂုဏ်ပုဒ်နှင့် မဆီလျော်သော ကြင်နာမှုတွေ ပြုလုပ်မိနေခဲ့လေပြီ....
မျက်ရည်စတို့ကို သုတ်ပေးမိသည့်အခိုက် ကောင်လေးသည်လည်း အံ့ဩနေသည်ထင်ပ... မျက်ဝန်းမှေးလေးတွေပင် ပြူးကျယ်နေလေသည်....
" ဘာဖြစ်လို့ငိုထားတာလည်း ကလေး..."
အတတ်နိုင်ဆုံး လေသံကို လျော့ပြီး မေးတာတောင်မှ ထိုကလေးသည် ခေါင်းကို မြေကြီးထဲ ကျွံဝင်မတတ် ငုံ့ထားပြီး လက်ကလေးတွေကို လိမ်နေလေသည်....
" ဟိုလေ....ဟို..."
" အင်း...ပြော..."
စကားထောက်ပေးတာတောင်မှ တွန့်ဆုတ်နေသော ကလေးငယ်ကြောင့် သူ စိတ်ရှင်းရှင်းနှင့် ပြောနိုင်ရန် မိမိ၏ သက်တော်စောင့်များအား သင်္ဘောဆီသို့ အရင်ပြန်ခိုင်းနှင့်လိုက်ရသည်...
" ပြောလေ...."
" ဟိုလေ...ကျနော်က သခင်ကြီးဆီက မွေးနေ့လက်ဆောင် လိုချင်တာ....အဲ့ဒါ မပေးလို့ ...."
ထိုကောင်လေးရဲ့စကားကြောင့် သခင်ကြီးယောလ်တစ်ယောက် စိတ်လိုလက်ရ ပြုံးလိုက်မိသည်.... ဒီကလေး...ကိုယ့်ဆီက မွေးနေ့လက်ဆောင် လိုချင်တာ..မရလို့ ငိုသည်တဲ့လား...
" ကိုယ်က အိမ်ကတန်းလာတာမဟုတ်ဘူး...ကောင်လေးရဲ့....အရေးကြီးတဲ့ခရီးတစ်ခု သွားရာကနေ အပြန် တန်းဝင်တာမို့ ဘာမှ ပါမလာရတာ....."
" အာ...meyan...ကျနော်က အလိုက်မသိပဲ ပြောလိုက်မိတယ်....ကျနော့်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားရရင် တောင်းပန်ပါတယ်နော်....သခင်ကြီး...."
ဘတ်ဟျွန်း မိမိကို ပြုံးကြည့်နေသော သခင်ကြီးကို မှင်သက်စွာ ငေးကြည့်နေမိသည်...
ယောလ်ကပြုံးလိုက်ရင် ဘယ်ဘက်ပါးပေါ်က ပါးချိုင့်ခွက်ခွက်လေးနဲ့.. အရမ်းခန့်တာပဲ..
ဘတ်ဟျွန်းကြည့်နေခိုက်မှာပဲ... ယောလ်သခင်ကြီးဟာ ဘတ်ဟျွန်းရဲ့ ညာဘက်နားရွက်လေးကြားထဲ ချယ်ရီခက်လေးတစ်ခက်ကို ထိုးပန်ပေးပြီးလေပြီ...
" လောလောဆယ်တော့ ဒီချယ်ရီခက်လေးကို မွေးနေ့လက်ဆောင်လို့ သဘောထားပေးကွာ....တကယ့်မွေးနေ့လက်ဆောင်ကတော့ နောက်မှ အေးဆေးပေါ့...."
မထင်မှတ်ထားသော လက်ဆောင်နှင့် သူ၏ အပြုံးတို့ကြောင့် ဘတ်ဟျွန်းခမျာ...နှလုံးခုန်ရပ်မတတ် ဖြစ်သွားရသည်...
" nae.....ကျေး....ကျေး...ဇူး.တင်ပါတယ် သခင်ကြီး..."
ယောလ်လည်း ချယ်ရီပန်းပန်ထားသော ကောင်လေးကို သေချာကြည့်မိလေသည် တစ်သက်နဲ့တစ်ကိုယ် ယောက်ျားလေးတစ်ယောက် ပန်းပန်လို့လှနေသည်မှာ ဒါပထမဆုံး မြင်ဖူးခြင်းပင်
နုနုရွရွလေးနဲ့ မထိရက်လောက်အောင် လှလွန်းသည်....
" မင်းက ချယ်ရီပန်းနဲ့ အပြိုင်လှတယ်..."
" ဗျာ...."
မထင်မှတ်ထားသည့် သခင်ကြီး၏ အပြောကြောင့် ခေါင်းငုံ့အရိုအသေပေးနေရာမှာ မော့ကြည့်မိလေတော့...သခင်ကြီးက သင်္ဘောနားပင် ရောက်နေလေပြီ....
ဘတ်ဟျွန်းမှာတော့ ရှက်သွေးတွေဖြာရင်း ရင်ဘတ်လေးဖိကာ ကျန်ရစ်ခဲ့လေသည်...
ထိုနေ့ညနေဟာ.... ချယ်ရီပင်အောက် နားရွက်ကြားက ချယ်ရီခက်လေးကို ကိုင်ကြည့်ရင်း ရှက်သွေးဖြာနေသော ၁၈ နှစ်အရွယ် ကောင်လေးနှင့် သင်္ဘောပေါ်ကနေ ချယ်ရီပင်အောက်ကကောင်လေး မြင်ကွင်းထဲက ပျောက်သွားသည်အထိ လိုက်ကြည့်နေမိသော ၃၇ နှစ်အရွယ်လူရွယ်တစ်ယောက်နှင့်လှပနေခဲ့လေသည်...
°°°°°°°°°°°°°°°°°TBC°°°°°°°°°°°°°°°°°°
A/N
ယောလ်ရဲ့ စိတ်ကို နားမလည်ကြဘူးဟုတ်....
နောက်အပိုင်းကျ နားလည်သွားပါလိမ့်မယ်နော်...
Btw,အားဆေးလေးတွေ ပေးကြပါဦး...
Feedback လေးတွေ... မျှော်လင့်မိပါတယ်ရှင့် 😘င်္ံ
လိုအပ်တာကှိရင် အားမနာတမ်း ဝေဖန်ပေးကြပါနော်...😘
ယောလ်ရဲ့ စိတ်ကိုလည်း ခန့်မှန်းမိရင် ပြောပြပေးကြပါဦး 😘😘
အားလုံးကို ချစ်ခင်လေးစားလျှက်..🐥
#EaintThiriAung
#real_etra 💫💫💫
YOU ARE READING
" Tears of Cherry " [ Chanbaek ]
Fanfictionထိတွေ့ခွင့်ရမယ်ဆိုရင် မင်းမျက်ရည်တွေကို သုတ်ပေးချင်မိတယ် ချယ်ရီ...
^^ TOC ~4^^
Start from the beginning
![" Tears of Cherry " [ Chanbaek ]](https://img.wattpad.com/cover/152988826-64-k553071.jpg)