" မခံယူ ဝင့်ပါ သခင်ကြီးရှင့် "

" အော..ဟော...ဘယ်လိုလူကို ငြင်းလိုက်တာလည်း သမီးရယ်..လက်ခံလိုက်ပါ.."

သခင်ကြီးဗြောင် ဝင်ပြောတော့မှ ရှက်သွေးကြွယ်ဟန်နဲ့ ဗြောင်နာဘီဟာ သခင်ကြီးယောလ် ကိုယ်တိုင်ကိုယ်ကျ စွပ်ပေးသော ပတ္တမြားလက်စွပ်ကို လက်ခံတော့သည်...

" ကျေးဇူးတကယ်တင်ပါတယ် သခင်ကြီးရှင့်... "

ခေါင်းလေးငုံ့ ကိုယ်လေးရို့ကာ ပြောလာသော နာဘီကို သခင်ကြီးယောလ်၏ မျက်လုံးထဲ သက်ဝင်ပန်းချီကားတစ်ချပ်လို ကြည့်နေမိသည်...

အားငယ်နေသော မျက်ဝန်းအစုံနှင့် မွေးနေ့ရှင်လေးကို မေ့ထားပြီးတော့ပေါ့.....

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
မွေးနေ့ဖြစ်သော်လည်း... အစ်မတော်နှင့် သခင်ကြီးတို့ကြားက အရိပ်အငွေ့တစ်ခုခုကို အကဲခတ်မိသည့်အလျောက် လူတွေနဲ့ ဝေးရာ ချယ်ရီပင်ကြီးအောက် ဘတ်ဟျွန်း လာထိုင်နေမိသည်...

" ကျနော့်ကိုကျ မွေးနေ့လက်ဆောင် မပေးပဲ... ဘာို့ အမတော်ကျ...အင့်....ကျနော် တန်ဖိုးကြီးတာ လိုချင်တာမဟုတ်ပါဘူး...ယောလ်ဆီက အမှတ်တရတစ်ခုခု လိုချင်တာပါဆို....ဟင့်..... ယောလ်.......အခုအခြေအနေအရ ကျနော် မစတင်မှာပဲ ကျရှုံးတော့မယ် ထင်ပါရဲ့....ဟင့် ...."

ချယ်ရီပွင့်ဖတ်ကြွေတို့ကြားထဲ မြေပြင်ပေါ် အပုံလိုက်လေးထိုင်ကာ ဘတ်ဟျွန်းတစ်ယောက် ငိုနေမိသည်......

" ဘတ်ဟျွန်း...မွေးနေ့ရှင်က မွေးနေ့မှာ ဘာလို့ရှိမနေရတာလဲ... ငါမင်းကို ရှာနေတာ..."

ကြားလိုက်ကသော တည်ငြိမ်သည့်အသံ ဩရှရှ... မြေပြင်ကိုမျက်နှာမူကာ ခေါင်းငုံ့ထားသောကြောင့် မြင်နေရသည့် ကျွန်းရောင်တောက်နေသော လယ်သာဖိနပ်တို့ကြောင့် သခင်ကြီးယောလ်မှန်း ဘတ်ဟျွန်း သိလိုက်သည်နှင့် တပြိုင်နက် မျက်ရည်ကို လက်ခုံတို့နှင့်ဆွဲပွတ်ရင်း ခေါင်းကိုဆက်ကနဲ မော့ကြည်မိလိုက်သည်.....

" အာ...တောင်းပန်ပါတယ် သခင်ကြီး... ကျနော်... ဒီအတိုင်း ဒီနားလေးမှာနေချင်လို့ "

သခင်ကြီးယောလ်.... ဘတ်ဟျွန်းကို သေချာကြည့်လိုက်မိသည်...
အစ်နေသော မျက်ဝန်း... မျက်တောင်စိတ်စိတ်ကလေးမှာ တွဲလွဲခိုနေသော မျက်ရည်စလေးတွေ...
ဒီကလေး...ငိုထားသည်လား...

" Tears of Cherry " [ Chanbaek ]Where stories live. Discover now