သူ့အဖေ ဆူလိုက်မှ မျက်လုံးလေးတွေပိတ် ၊.သွားချွန်လေးတွေ ပေါ်နေအောင် ရယ်ပြီး မျက်နှာချို လာသွေးတဲ့ ဟာလေးက ဘယ်လိုဟာလေးတုန်း...
သူလိုလူကို မကြောက်မရွံ့...
" mayanaeyo...ယောလ်သခင်ကြီး ကျနော် မသိလိုက်လို့ပါ..."
" ရပါတယ်.."
ရပါတယ်သာ ပြောပြီး...မျက်နှာကြီးတည်နေသော သခင်ကြီးကို ယောလ်သခင်ကြီးကို ကြည့်ရင်း ဘတ်ဟျွန်း အချစ်တွေ တိုးပွားရပြန်သည်...
ဟီး...ချစ်စရာကြီး...
" Appa တောင်ပေါ်နှင်းဆီဖြူ လက်ဖက်ရည်ကြမ်း ရပါပြီ..."
အသံနှင့်အတူ လိုက်ကာစကို မ, ဖယ်ကာ ဧည့်ခန်းမဆောင်ထဲ ဝင်လာသော မိန်းမပျိုကို ယောလ်သခင်ကြီး မှင်သက်ကြည့်နေမိသည်....
ဝင်းဝါသောအသားအရည် ဆူဖြိုးသော အချိုးအဆစ်ကျသည့် ခန္ဓာကိုယ်... မျက်လုံးဖူးဖူး.၊.နှာတံဆင်းဆင်းနှင့် နှုတ်ခမ်းဖူးဖူးတို့ ပိုင်ဆိုင်ထားပြီး...ဆံပင်ခါးလယ်လောက်ရှိသော မိန်းမပျိုသည် သူ၏.ဘဝ၌ ပထမဆုံး စိတ်ဝင်စားမိသော မိန်းမပင်...
" သခင်ကြီးယောလ် ကို ဂါရဝ ပြုပါတယ်.. ကျမက ဗြောင်နာဘီပါ..."
ကိုယ်ကိုရို့ကာ ဦးညွတ်ရင်း နှုတ်ဆက်လာသည့် သူမကို မိမိပင် သတိမထားမိပဲ ပုခုံးကိုကိုင်ကာ ထူမပေးမိသည်ထိ ဖြစ်သွားမည်ဟု သခင်ကြီးယောလ် မထင်ထားပေ...
" ယောလ်သခင်ကြီး သုံးဆောင်ရတာ အဆင်ပြေရဲ့လားရှင့် "
အပြုံးအချိုချိုတို့နှင့်ပြောလာသော သူမကြောင့် ယောလ်သခင်ကြီး ကိုယ်တိုင်ပင်သတိမထားမိခင် ထပ်ပြုံးမိပြန်သည်....
"အဆင်ပြေပါတယ် ဗြောင်နာဘီ shi...."
" ယောလ်ရေ....ဒီနေ့ ဘတ်ဟျွန်းလေးမွေးနေ့မှာ တည်ခင်းမယ့် စားသောက်ဖွယ်ရာတွေအတွက် နာဘီလေးက ဦးစီးစီစဉ်ပေးတာလေ..."
အိုး..သူမဟာ... တကယ်တော်တဲ့ မိန်းကလေးပဲ...
" နာဘီ shi..က တော်တာပေါ့... ကိုယ်က ဒီ မီနူးကို အရမ်းသဘောကျနေတာ...ဆုလာဘ်အနေနဲ့ ကိုယ့် ပတ္တမြားလက်စွပ် ဆုချပါရစေ..."
YOU ARE READING
" Tears of Cherry " [ Chanbaek ]
Fanfictionထိတွေ့ခွင့်ရမယ်ဆိုရင် မင်းမျက်ရည်တွေကို သုတ်ပေးချင်မိတယ် ချယ်ရီ...
^^ TOC ~4^^
Start from the beginning
![" Tears of Cherry " [ Chanbaek ]](https://img.wattpad.com/cover/152988826-64-k553071.jpg)