လေးထောင့်ဆန်ဆန် နှုတ်ခမ်းလေးနှင့် အစွမ်းကုန်ရယ်ပြကာ ခွင့်တောင်းနေသည်မို့ ဂင်ထယ်ရှင်း တို့ ဘာတတ်နိုင်မည်နည်း...ထုံးစံအတိုင်းခွင့်ပြုရုံပေါ့...
သားသမီးလို ဖြစ်နေသည့် သခင်လေးသည် မိမိစိတ်ဆိုးသလို ဖြစ်လာခဲ့ရင် ဤကဲ့သို့ မျက်နှာပေးလေးနှင့် ပြောတတ်ပြီး..မိမိသည်လည်း ခွင့်လွှတ်ရစမြဲ...

" ကောင်းပါပြီ.. သခင်လေး..... နောက်မကျစေနဲ့ နော်..."

" Nae....ကောင်းကောင်းသွားပါ.."

မိမိကို လက်ဝှေ့ယမ်းပြီး ကလေးတစ်ယောက်လို အပြုံးတွေနှင့် သခင်လေးသည် ယနေ့ပင် အသက် ၁၈ နှစ်ပြည့်ပြီး အရွယ်ရောက်တော့မည်ဆိုတာ မယုံနိုင်စရာ....တကယ်ကို ဖြူစင်လွန်းသူလေးပင်....

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ဘတ်ဟျွန်းတစ်ယောက် ပင်လယ်ကြီးကို ချယ်ရီပင်ခွပေါ်ကနေ အပေါ်စီးကကြည့်ရင်း... သဘာဝ အလှတို့ကို ပိတ်ကားပေါ်၌ စုတ်ချက်တို့ဖြင့် အသက်သွင်းနေမိသည်...

ပင်လယ်ပြင်ကို ကြည့်ရင်းမှ မြင်ကွင်းထဲ ဝင်လာသော ခပ်လှမ်းလှမ်းက ကွေ့ကနေ ထွက်လာသည့်  ပင်လယ်ရေပြင်ထက်က ကြီးကျယ်ခမ်းနားပုံရသည့် သဘောင်္ကြီး....

ကြည့်နေရင်းမှာပင် တဖြည်းဖြည်း ကမ်းကပ်လာသည့် သဘောင်္ကြီးသည် နီးလာသည်နှင့်အမျှ ပို၍ပို၍ လှလာလေသည်...

ကျွန်းရောင်ထနေသော သဘောင်္ကြီးသည် ရွှေအိုရောင် ကနုတ်များဖြင့် တန်ဆာဆင်ထား၍ ထည်ဝါနေသည်....အပြင်အဆင်အားလုံးကို ခြုံငုံကြည့်ရလျှင်လည်း အထက်တန်းဆန်လှသည်...

တဖြေးဖြေးနှင့် သင်္ဘောပေါ်မှ တံတားတစ်စင်း ကျလာလေတော့....အစောင့်အကြပ်ဟုထင်ရသော လူသုံးဆယ်ခန့်က လျှောက်လမ်းဝဲယာ၌ သတိအနေအထားဖြင့် နေရာယူလိုက်ကြသဖြင့် ဘတ်ဟျွန်းတစ်ယောက် အတော်စိတ်ဝင်စားသွားသည်...ဒီအတိုင်းဆို ဒီလမ်းက လာမည်ဆိုလျှင် မိမိတို့ အိမ်တော်ကို လာသည်ပင်...
ဒါဆို မိမိမွေးနေ့ကို လာသည်သူပေပေါ့...

" ဘယ်လိုလူမျိုးလာတာမို့ အဲ့လောက် ခမ်းနားပါလိမ့် "

မိမိဘာသာ တစ်ယောက်တည်း သုံးသပ်ကာ စုတ်တံအရိုးလေးကို ကိုက်ရင်း စပ်စုမိလေသည်...

" Tears of Cherry " [ Chanbaek ]Where stories live. Discover now