Chapter(1)

3.2K 219 1
                                    

လင်းဆက် တစ်ယောက် Sony Xperia ဖုန်းလေးကို
ထုတ်ပြီး နံပါတ်တစ်ခုထပ်ကာ ခေါ်လိုက်ပေမဲ့
အတန်ကြာသည်အထိ
တစ်ဖက်က လုံးဝပြန်မဖြေ။နှစ်ကြိမ် သုံးကြိမ်
ဆက်ခေါ်ပေမဲ့တစ်ဖက်က ဖုန်းကိုင်မလာ။

သူတောင်းစား နေမျိုးအောင် ဟု လင်းဆက်
စိတ်ထဲက ကျိန်ဆဲမိသည်။ ချိန်းထားပြီးရင်
ဘယ်တော့မှ အချိန်မှီ ရောက်မလာ။ လာမယ့်
အပတ် သူတို့ စဖွဲ့မယ့် အသင်းရဲ့ လုပ်ငန်းစဉ်
တွေ အကြောင်းဆွေးနွေးပါမယ်ဆိုကာမှ
နေမျိုး ဆိုတဲ့ သကောင့်သားက နောက်ကျနေ
ပြန်ပြီ။ သူ ဒီလက်ဖက်ရည်ဆိုင်မှာ ထိုင်စောင့်
နေတာ နာရီဝက်မကတော့။နေမျိုးအောင်ဆိုတဲ့
သူတောင်းစားကို
တွေ့ရင် ဆဲပစ်မည်ဟု တေးလိုက်သည်။

'ကျတော် ဒီမှာ ထိုင်လို့ရမလား´

'သူတောင်းစား´

လင်းဆက်လည်း မနေနိုင်ဘဲ ပါးစပ်က လွှတ်
ခနဲ ထွက်ကာ နေမျိုးအောင်ကို ဆဲလိုက်မိသည်။
ထိုအချိန်တွင် သူ့ရှေ့က ဝင်ထိုင်မယ့်လူက
ကြောင်တက်တက် ဖြစ်သွားရရှာသည်။

'ဗျာ...ကျတော် ဘာလုပ်လို့လဲ´

ထိုလူက မျက်လုံးအပြူ းသားဖြင့် သူ့ကို ကြည့်မှ
ကောင်းဆက်လည်း ထိုလူ သူ အဆဲခံရသည်
ဟု နားလည်မှု လွဲသွားမှန်း.သတိထားလိုက်
မိသည်။ ထိုလူက မျက်လုံးပြူ းလေးဖြင့်
သူ့ကို စိုက်ကြည့်ကာ 'သူ ဘာလုပ်မိပါလိမ့်´
ဟူ.သောအမူရာကို ပြနေသည်။

'ဆောရီးဗျာ...အစ်ကို့ ကို ပြောတာ..မဟုတ်
ရပါဘူး...ဒီတိုင်း ပါးစပ်က ထွက်သွားတာပါ...
အဲလေ...ထိုင်ပါ...ဒီခုံမှာ ထိုင်လို့ရပါတယ်..´

လင်းဆက်လည်း အမြန်ပြန်ရှင်းပြရင်း
ထိုလူကို သူ့ရှေ့တူရူရှိ ခုံတွင် ထိုင်ခွင့်ပေး
လိုက်သည်။ ဘေးဘီကို ကြည့်တော့ ဆိုင်
တစ်ခုလုံးက ပြည့်နေပြီး စားပွဲလွတ်မရှိ။ တစ်
ယောက်တည်း ထိုင်နေတာဆိိုလို့ သူသာ ရှိ
သည်။ ဒါကြောင့် ထိုလူက သူ့ခုံမှာ ထိုင်ချင်လို့
ခွင့်တောင်းခြင်းပင်။

ထိုလူက သူ့ကို ခေါင်းပြန်ညိတ်ပြရင်း ဝင်ထိုင်
သည်။

'ဟေ့ ညီလေး´

It Must Be Love!Where stories live. Discover now