မျက်လုံးဘဲ မြင်နေရတဲ့သူ့ကို မင်းသားချေမိုးမြင့်ပိုင်ဟု.ဘယ်သူမှသိကြပုံမပေါ်....။

သူက ဘာမှမပြောသော်လည်း....လောလောဆယ် မျက်နှာမြင်နေရတဲ့ ကျွန်တော်က အထင်မခံနိုင်ဘဲ
ပျာပျာသလဲနှင့်.......

"အာ....ညီမ...ဝယ်မှာပါ....အကိုနဲ့သူနဲ့
အင်္ကျီ ကောင်းတယ်၊မကောင်းဘူး ငြင်းနေကြတာ
စိတ်ချပါ ဘာမှမလုပ်ဘူး....."

ကျွန်တော်ရှင်းပြလိုက်တော့မှ ကောင်မလေးက ခေါင်းညိတ်ပြုံးပြပြီး ထွက်သွားတော့သည်။

"ချေ......."

အကျယ်ကြီး အော်ခေါ်မိတော့မည့် ပါးစပ်ကိုပြန်စိပြီး
အနားကပျောက်သွားပြန်သော လူဆိုးဂိုဏ်းခေါင်းဆောင်လေး ဆီသို့ အင်္ကျီ တွေပိုက်ရင်းနှင့်ပင် သွားလိုက်ပြီး....

"ချေမိုး...မင်းလုပ်တာ ငါတို့ကိုတစ်မျိုးထင်ကုန်ပြီ....
ပြန်မယ်ကွာ...လာပါ....နောက်နေ့မှ ငါ့ကို ဈေးမှာဖြစ်ဖြစ် ပုဆိုးဘဲ လိုက်ဝယ်ပေးပါကွာ...."

မျက်နှာငယ်လေးနှင့် ကြယ့်ပုံကိုကြည့်ပြီး ရယ်ချင်လာသောကြောင့် ချေမိုးရယ်လိုက်သည်။

မျက်လုံးဘဲဖော်ထားသောကြောင့် သူရယ်နေတာကို ကြယ်သိပုံမပေါ်....။

အင်္ကျီတွေ မဝယ်ဖို့အရေးသာ အားသွန်ခွန်စိုက် ပြောနေတော့တာ.....။

ချေမိုးရယ်ချင်နေတဲ့ စိတ်ကိုဖျောက်ပြီး....

"မင်းလိုချင်တာလည်း ဝယ်ပေးမယ်... ငါဝယ်ပေးတဲ့ဟာလည်း လက်ခံရမယ်....."

ကြယ်က စကားပြောဖို့ ဟန်ပြင်လိုက်တာကြောင့်

"ဘာမှမပြောနဲ့တော့....ဟိုမှာတွေ့လား...."

သူလက်ညှိုးထိုးပြရာကို ကြည့်လိုက်တော့ ဝန်ထမ်းကောင်မလေးက လှည့်ကြည့်လှည့်ကြည့် လုပ်နေသည်ကို တွေ့လိုက်ရပြန်သည်။

"တွေ့တယ်နော်....ဘာမှမပြောဘဲသွားဝတ်တော့....
ပြီးရင် တော်မတော်ပြောဦး ပြန်လဲလို့ရအောင်....."

ကြယ်လည်း ဘာမှမပြောနိုင်တော့ဘဲ အဝတ်လဲခန်းထဲဝင်ပြီး ချွတ်ရခက်၊ဝတ်ရခက်တဲ့ အဝတ်တွေကို ပွစိပွစိပြောရင်း ဝတ်လိုက်သည်။

CHANGE(ချိန်း)Completed(Z&U)Where stories live. Discover now