" အားးးးးးးးးး "

ဒီအသံမျိုးနဲ့သာ Rockသီချင်းဆိုရင် ဇော်ဝင်းထွဋ်တောင် ထိုင်ငိုရမည်မှာ အသေအချာပင်။

" အားးးးးးးး အားးးးးးး "

မဖြစ်တော့ဘူး ဒီကောင်လေး လည်ချောင်းတွေနာရင် တော်ရုံနှင့်မပျောက်တတ်ပေ။ အရင်က ဒီအချိန်လေးပဲ ဖက်ခွင့်ရသည်မို့ မသိဟန်ဆောင်ကာနေခဲ့ပေမယ့် ခုတော့မလိုတော့ပြီမို့ မိမိခါးကိုဖက်ထားသောလက်အား ဆွဲဖြုတ်၍ အခန်းတစ်ခုလုံးပေါက်ကွဲမထွက် အော်နေသူလေးအား ပွေ့ချီ၍ ထွက်လာလိုက်တော့သည်။ အပြင်ရောက်တော့ အောက်ချပေးလိုက်သည်နှင့် တစ်ပြိုင်နက် မိမိကိုတစ်ချက်တောင် မော့မကြည့်ဘဲ ထွက်သွားသော ကောင်လေးနောက် အပြေးလိုက်ရပြန်သည်။

" ဟန် "

" …… "

" ဟန် ကိုယ်ခေါ်နေတယ်လေ "

မိမိကို စကားတစ်ခွန်းမှ ပြန်မပြောသောကြောင့် စိတ်ဆိုးနေမှန်းသိလိုက်၍ ချော့ရန်လက်လှမ်းအဆွဲတွင်

" ဦးလေး ပြည်သူ့ရင်ပြင် ကစားကွင်းဘက်ဂိတ်ကို ပို့ပေးပါ "

ပြောရင်း ထိုးရပ်လာသော တက္ကစီကားပေါ် တက်သွားသောကြောင့် လင်းခန့်လည်း အမြန်လိုက်တတ်လိုက်ရသည်။ ကားပေါ်တွင်လည်း အပြင်ဘက်သို့သာ ငေးနေ၍ မိမိခေါ်နေတာတောင် လှည့်မကြည့်။ ကားပေါ်ကဆင်းတော့လည်း ကားခရှင်းတာကိုမစောင့် ဘောက်ဆက်ဘောက်ဆက်နဲ့ ရှေ့ကလျှောက်သွားသူနောက်အား အပြေးလိုက်ရပြန်သည်။ ဂိတ်တွင်လည်း ဝင်ကြေးမပေးဘဲ ဇွတ်ဝင်သွားသောကြောင့် လင်းခန့်နိုင်ဝင်ကြေးပေး၍ ဂိတ်စောင့်တွေအား တောင်းပန်ရပြန်သေးသည်။

မိုးပျံရထားစီးလိုက် ဆိုင်ကယ်စီးလိုက်နဲ့ တစ်ခုပြီးတစ်ခု လျှောက်လုပ်နေတာတောင် ဟန်စစ် ခုချိန်ထိ ရင်ခုန်တာမပျောက်သေးပေ။အစ်ကိုခါးကိုဖက်ထားရသည်ကို သူသဘောကျသည်။ ချစ်သူတွေဖြစ်ပေမယ့် အစ်ကိုခါးကိုဖက်ဖို့ သူအတင့်မရဲသေးပေ။ ထို့ကြောင့် ထုံးစံအတိုင်း သရဲအိမ်ထဲဝင်ဖို့ လက်မှတ်ဝယ်လိုက်မိသည်။ သရဲအိမ်ထဲတွင် သူ့ခါးကိုဖက်၍ အော်နေသော မိမိအားပွေ့ချီလိုက်စဉ် သူ့နှလုံးခုန်နှုန်းတို့မှာ ရင်ဘတ်တစ်ခုလုံး ပေါက်ထွက်မတတ်ပင်။ အပြင်ရောက်တော့ ရင်ခုန်နေတာကြောင့်ရော အစ်ကိုမျက်နှာကိုကြည့်ဖို့ ရှက်နေတာကြောင့်ပါ သူအောက်ချပေးတော့ မော့မကြည့်ဘဲ အပြင်သို့ထွက်လာခဲ့လိုက်သည်။ မိမိကိုခေါ်နေပေမယ့်လည်း စကားမပြောရဲသေးတာမို့ မကြားချင်ယောင်သာဆောင်လိုက်သည်။ မတည်ငြိမ်သေးသော မိမိစိတ်တို့အား တည်ငြိမ်လိုတည်ငြိမ်ငြား ဝါးရုံတောဘက်သို့ လမ်းလျှောက်ရန် ထွက်လာခဲ့လိုက်သည်။

တစ်ရံရောအခါ.....Место, где живут истории. Откройте их для себя