ချန်းယောလ်လည်း ထိုအဘပြောတာကို နားထောင်ရင်း ဘာကြောင့်မှန်းမသိ ရင်ထဲစူးနစ်အောင်ထိ ခံစားရသည်မို့ အကြောင်းစုံကိုလည်း သိချင်လာမိသည်...
ထိုကြောင့် အိမ်ကို သော့ခတ်ပြီး အဘိုးအို၏ အိမ်ရှိရာသို့ လိုက်ခဲ့မိသည်....
**********************************
မနေ့က ဆယ်ဟွန်းပေးထားခဲ့သည့် ကမ်းခြေစီး စက်ဘီးလေးပေါ် အဘအားတင်ခေါ်၍ လမ်းညွှန်ရာ နာရီဝက်လောက် နင်းလာမိတော့ တောင်ကုန်းတစ်ခုပေါ်မှာ တည်ဆောက်ထားတဲ့ ထိုအဘ၏ အိမ်ပုပုသေးသေးလေးကို တွေ့လိုက်ရသည်..
" လာဝင် မောင်ရင်...".
အိမ်သေးသေးလေးထဲ ခါးကို အသာကိုင်းကာ ဝင်လာမိတော့ အိမ်အပြင်အဆင်ကလေးတွေကို သဘောကျမိသွားသည်..
အိမ်သေးသော်လည်း သူ့နေရာနှင့်သူ သေသေသပ်သပ်ရှိနေသော ပစ္စည်းများနှင့် ရှေးဟောင်း ပစ္စည်းအချို့ကြောင့် ဧည့်သည်မှန်သမျှ မျက်စိထဲ သဘောကျချင်စရာပင်
မိမိအား မုန့်ချိုလုံးလေးများနှင့် ရေနွေးကြမ်းအား တည်ခင်းဧည့်ခံထားပြီး အဘကတော့ သစ်သားသေတ္တာကြီးတစ်ခုကို မွှေနှောက်နေလေသည်....
" ဒါ....ဗြောင်သခင်လေးလေ.. မောင်ရင်..."
အဘလာပြသေယ ဓာတ်ပုံကို အကြည့်အရောက် သောက်နေသည့် ရေနွေးပင် သည်းမတတ် ဖြစ်သွားရသည်..
အိပ်မက်ထဲကကောင်လေး.... ဟုတ်သည်... မှားစရာမရှိ.... ဒီမျက်ဝန်းကျဉ်းကျဉ်းလေး...ပါးမို့လေး.... နှုတ်ခမ်းပါးလေး....နှုတ်ခမ်းထောင့်ကမှဲ့လေး... မှားစရာကိုမရှိ....
ဪ.....မင်းက ဗြောင်သခင်လေး ဖြစ်နေခဲ့တာကို ကောင်လေးရယ်....
"ဒါ ယောလ်သခင်ကြီးပုံပါ မောင်ရင်...."
ဖုန်တို့ကိုသုတ်ကာ ပေးလာတဲ့ ပုံကို ယူကြည့်လေတော့ အတော်ပင် shock ရသွားရသည် မိမိနှင့် ချွတ်စွတ်တူသည် မဟုတ်ပါလား...
သို့သော် လူ့အဆင့်အတန်း အနေအထားနှင့် ဆိုင်မည်ထင်သည်...
သခင်ကြီးယောလ်သည် မိမိနှင့်ဆင်သော်ငြား တင်းတင်းစေ့ထားသော နှုတ်ခမ်းတို့မှ မာန်တို့ကို တွေ့ရသည်...
မိမိကဲ့သို့ ဖူး၍ဝိုင်းစက်နေသော မျက်လုံးအစုံသည်လည်း မိမိထက် ပို၍ စူးရှသည်... တမင်လုပ်ထားသည်မဟုတ်သော....မာန်ဝင့်ကာ တွန့်ချိုးနေသော မျက်ခုံးအစုံတို့က တည်ကြည်မှုကို အားဖြည့်ပေးနေလေသည်...
လက်တစ်ဖက်က သခင်ကြီးယော်၏ ပုံကိုကိုင်ရင်း ကျန်တစ်ဖက်က သခင်လေးဗြောင်၏ ပုံကိုကိုင်ကာ ယှဉ်ကြည့်မိသည်...
သခင်ကြီး၏ တည်ငြိမ်၍ ခက်ထန်သော ပုံစံနှင့် သခင်လေး၏ ဖြူစင်နုနယ်သော ပုံစံ....
အတော်ပင်ကွာလှသည်...
" အဘပြောပြသလိုဆို ဒီလိုသခင်ကြီးကို မိန်းမတစ်ယောက်နဲ့ အပြိုင် ချစ်ခဲ့ရတဲ့ သခင်လေးဟာ သိပ်ကို ပင်ပန်းခဲ့မှာပဲနော် "
ချန်းယောလ် တစ်ယောက်တည်း ရေရွတ်နေမိသည်.... သခင်လေးကို သနားသည့်စိတ်တို့သည်လည်း အလိုလိုဝင်လာခဲ့သည်....
သို့သော်...
သူ၏ဘေးရှိ အဖြူရောင်အရိပ်ငယ်လေး မျက်ရည်စက်တွေ ကြွေကျသွားတာကိုရော...
" ပင်ပန်းတာပေါ့.... ဒါပေမယ့် ကိုယ်ချစ်ရတဲ့သူအတွက်ပဲဟာ မမှုခဲ့ပါဘူး ယောလ်ရယ် " ဆိုတဲ့ စကားသံကိုရော ချန်းယောလ် တစ်ယောက် မြင်လည်းမမြင်သလို ကြားလည်းမကြားခဲ့နိုင်....
°°°°° To Be Continue °°°°
#EaintThiriAung
#real_etra 💫💫💫
A/N
...
Feedback plz ပါလို့....
ခင်ဗျားလေးတို့ silent readers လုပ်မနေကြနဲ့လို့..😭😭
ဒီလောက်အရှည်ကြီးတွေ author တွေက type ကြလည်း good လောက်ပဲ မန့်တဲ့ အဆိုးလေးတွေက ရှိသေးတယ်...ဟွန့် 😎😎
ဇာတ်လမ်းအပေါ် ဝေဖန်ချက်လေးတွေကို author တိုင်းက လိုချင်ကြတာမို့ လိမ္မာကြလေနော် 😚😚
Feedback ကောင်းကောင်းရရင် မြန်မြန် update ပေးမယ့် အိမ့်အိမ့်လေးပါနော် 😁😇
YOU ARE READING
" Tears of Cherry " [ Chanbaek ]
Fanfictionထိတွေ့ခွင့်ရမယ်ဆိုရင် မင်းမျက်ရည်တွေကို သုတ်ပေးချင်မိတယ် ချယ်ရီ...
TOC^^2
Start from the beginning
![" Tears of Cherry " [ Chanbaek ]](https://img.wattpad.com/cover/152988826-64-k553071.jpg)