" ဪ... အံ့ဩစရာပဲ... မင်းလေးက အဘတို့အဘွား ပြဖူးတဲ့ ဓာတ်ပုံထဲက ဆာကူရာ စံအိမ်တော်ရဲ့ သခင်ကြီး ယောလ် နဲ့ သိပ်တူတာပဲ..."

" ဗျာ... သခင်ကြီးယောလ်.... အာ... တိုက်ဆိုင်တာလားတော့မသိဘူး အဘ ကျနော့ နာမည်မှာလည်း ယောလ်ပါတယ်.. ချန်းယောလ်.... ပတ်ချန်းယောလ် ပါ..."

ချန်းယောလ်၏ နာမည်ကို ကြားကြားချင်း အဘိုးအို မှင်သက်သွားမိသည်.. ဤသည်မှာ တိုက်ဆိုင်မှုတော့ မဟုတ်တန်ရာ.... မိမိအဘွားပြောဖူးသလိုဆို နှစ်တစ်ရာ့ငါးဆယ် ကြာရင် သခင်ကြီးယောလ် ပြန်ရောက်လာမယ်ဆိုတာ ဒီသူငယ်လေးပေလား...

" အာ... ဒါတိုက်ဆိုင်မှု သတ်သတ်တော့ မဟုတ်လောက်ဘူးထင်တယ် မောင်ရင်... ရုပ်ချင်းလည်းဆင်တယ်..နာမည်လည်းဆင်တယ်.. နောက်ပြီး သခင်လေး ဘတ်ဟျွန်းရဲ့ ချယ်ရီစံအိမ်တော်ကိုလည်း ရောက်နေတယ်ဆိုတော့...."

" ဒါ....ချယ်ရီစံအိမ်တဲ့လား.... "

ချန်းယောလ် ရေရွတ်ရင် အိမ်ကြီးကို ခြုံကြည့်မိသည်.... အိုနေပေမယ့် ခမ်းနားဆဲဖြစ်ပြီး အရှိန်အဝါ တစ်ခုခု ရှိနေသလို ခံစားနေရသည်မှာ စရောက်ကတည်းကပင်.... အခုတော့ သိလိုက်ရသည်က ဤသည်ဟာ တော်ဝင်စံအိမ်တစ်ခု ဖြစ်နေခဲ့လေသည်.. ဒါနဲ့ သခင်လေး ဘတ်ဟျွန်းဆိုသည်မှာ မည်သူနည်း...

" သခင်လေးဘတ်ဟျွန်းဆိုတာက...."

" သခင်လေး ဘတ်ဟျွန်းက ဒီ ချယ်ရီစံအိမ်တော်ကြီးရဲ့ အရှင်သခင် သခင်ကြီး ဗြောင်ရဲ့ သားအငယ်လေးလေ....သခင်ကြီးယောလ် ကို အသက်ပေးရလောက်တဲ့ထိ သိပ်ချစ်တဲ့ ကလေးပေါ့.....ဒါပေမယ့် သခင်ကြီး ယောလ်က ဘတ်ဟျွန်းလေးရဲ့ အစ်မတော် ဗြောင်နာဘီကိုပဲ ရူးမတတ်ချစ်တာ... ဘတ်ဟျွန်းလေးကိုတော့ အကြောင်းပြချက်မရှိ အရမ်းမုန်းခဲ့တာပေါ့.....နာဘီက တကယ်တော့ မွေးစားသမီးလေ... ဗြောင်သခင်ကြီးရဲ့ အမွေကို ခွဲဝေယူရမှာ သူမကြိုက်ဘူး  ဘတ်ဟျွန်းရဲ့ ဝေစုကို ရချင်ရ ၊ မရရင် ဗြောင်သခင်ကြီးလောက် ချမ်းသာတဲ့သူကိုမှ လက်ထပ်ဖို့ ဆုံးဖြတ်ထားတာကွဲ့......

တစ်နေ့မှာ ဗြောင်သခင်ကြီးနဲ့ ညီအကိုလိုချစ်တဲ့ ယောလ်သခင်ကြီးက ချယ်ရီစံအိမ်တော်ကို ရောက်လာခဲ့တယ်..အဲ့မှာ ဗြောင်သခင်လေးက မြင်မြင်ချင်းပဲ သူ့အဖေထက် သုံးနှစ်သာငယ်တဲ့ ယောလ်သခင်ကြီးကို မေတ္တာစစ်မေတ္တာမှန်နဲ့ချစ်ခဲ့တယ်....
ဗြောင်နာဘီကတော့ ခန့်ညားမှုနဲ့ ကြွယ်ဝမှုတွေကိုပဲ မက်ခဲ့တာ.. သူ့ရဲ့မာယာတွေနဲ့ ဖျားယောင်းပြီး အပိုင်ကြံဖို့ရယ်.... ဘတ်ဟျွန်းရဲ့ ယောလ်သခင်ကြီးအပေါ် အကြည့်တွေ မရိုးသားတာကို သိတာမို့ ဘတ်ဟျွန်းလေးကိုပါ ယောလ်သခင်ကြီး မျက်နှာမကြည့်ချင်လောက်အောင် မုန်းဖို့ရယ်.. ကောက်ကျစ်တဲ့ အကြံအစဉ်တွေ စတော့တာပါပဲ......ကဲ...မောင်ရင်မင်းလည်း စိတ်ဝင်စားမယ်ထင်တယ် ဒီကိစ္စတွေကို....အဘအိမ်မှာ အဘွားရဲ့ " ချယ်ရီစံအိမ် မှတ်တမ်း " စာအုပ်ရှိတယ်..ဒါတွေကို အဘွားက မျက်မြင်တွေ့ရသမျှတွေကို ရေးထားတာ....အရင်က အဘရဲ့ အဘွားက ဒီစံအိမ်တော်ကြီးရဲ့ အစေခံတစ်ယောက်လေ...... ဓာတ်ပုံတွေလည်း ရှိတာမို့ လိုက်တော့ကြည့်စေချင်တယ်...."

" Tears of Cherry " [ Chanbaek ]Donde viven las historias. Descúbrelo ahora