တင်းတောင် တင်းတောင်

တံခါးမဖွင့်မချင်း တီးနေမည့်ပုံရသောကြောင့်  တံခါးသွားဖွင့်ရန် ထလာလိုက်သည်။

သံစဉ်တစ်ယောက် ဘဲလ်တီးနေရင်းမှ တံခါးလာမဖွင့်သောကြောင့် လှည့်ပြန်မည်အပြု

ချလောက်

တံခါးဖွင့်သံကြောင့် လှည့်အကြည့်

အမေ့

တံခါးနောက်မှ ပေါ်လာသောသူကြောင့် လန့်ပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်မိလေသည်။ စွတ်ကျယ်ဂျိုင်းပြတ်နှင့် ကွာတားဘောင်းဘီ ဝတ်ထားပြီး မျက်မှောင်ကြုတ်ထားသည့်အပြင် ခေါင်းတစ်ခုလုံးရှုပ်ပွနေ၍ မျက်ထောက်နဲ့ကြည့်နေသော ထိုသူ၏ ပုံစံက စိတ္တဇလူသတ်သမားလိုပင်။

ဘုရား ဘုရား ငါတော့ အိမ်မှားပြီလား မသိ

" ဘယ်သူလဲ ဘာကိစ္စလဲ ဘာလုပ်မို့လဲ "

အိပ်ရေးမဝ၍ စိတ်မကြည်တာကြောင့် မိမိကို မျက်လုံးပြူးပြီးကြည့်နေသော အိမ်ရှေ့မှ အမျိုးသမီးအား မျက်ထောင့်နဲ့ ကြည့်၍ ဘုတောတောပြီး မေးလိုက်သည်။

မာဆတ်ဆတ် အသံကြောင့် လန့်သွား၍ စိတ်ကိုတင်း၍

" ဟို … ဒါ … ကိုလင်းခန့်နိုင် အိမ်လားရှင့် "

" ကျွန်တော်ပဲ ဘာကိစ္စရှိလို့လဲ "

ဘုရားရေ ဆရာဒီဇိုင်းအပ်ထားတဲ့ ဒီဇိုင်းနာ ကိုလင်းခန့်နိုင်ဆိုတာ ဒီလူတဲ့။ ကြောက်စိတ်ကြောင့်  တံတွေးတစ်ချက်မြိုချလိုက်ပြီး

" ဟို အန်ကယ်သီဟကို လွှတ်လိုက်တာပါ အပ်ထားတဲ့ ဒီဇိုင်းတွေရပြီဆိုလို့ အမြန်လိုနေလို့ သံစဉ့်ကို လာယူခိုင်းလိုက်တာပါ "

ကျစ် ဒီအဘိုးကြီးက အမြဲ ဒီလိုပဲ
လင်းခန့် အိမ်တံခါးကို ဖွင့်ပေးလိုက်ရင်း

" အထဲဝင်ပြီး ခဏစောင့်လေ "

" ရတယ် သံစဉ်အထဲမဝင်တော့ဘူး "

စကားအဆုံးလှည့်ထွက်သွားသော သူ၏ကျောပြင်ကို ကြည့်ပြီး သံစဉ် သက်ပြင်းချမိလေသည်။

ဟူးးးးး

ဒီလူနဲ့ အန်ကယ်တို့ ဘယ်လိုများ အလုပ်တွဲလုပ်လဲ မသိ။ ဗရုတ်သုတ်ခနဲ့ …

တစ်ရံရောအခါ.....Where stories live. Discover now