သို့သော်ငြား အနိုင်လိုချင်စိတ်ကြောင့်

" အဲ့တာတွေကြောင့် အစ်မကို ကြည့်မရတာ "

အနိုင်ပိုင်း၍ပြောကာ ရေချိုးခန်းတွင်းသို့ အမြန်ဝင်လိုက်လေသည်။ အခန်းပြင်တွင် ဒေါသူပုန်ထကာ ဖြစ်ပျက်နေမည့် အစ်မဖြစ်သူ၏ မျက်နှာကို တွေးမိပြီး ရယ်နေမိ၏။

ရေမိုးချိုး အလုပ်သွားရန် ပြင်ဆင်ပြီးနောက် ထမင်းချိုင့်ထည့်ရန် အိမ်နောက်ဖေးသို့အသွား

" ကိုယ်တော်လေး မနက်စာစားပြီးမှ အလုပ်သွား ဒီမှာ ကော်ဖီ ရော့ "

အစ်မဖြစ်သူ ကမ်းပေးသော ကော်ဖီခွက်ကို ယူပြီး ခုံပေါ်တွင် မိမိအတွက် ပြင်ပေးထားသော ထမင်းကြော်ကို ထိုင်စားနေလိုက်သည်။

" အလုပ်လုပ်ချင်တာကလည်း တစ်ပိုင်းကိုသေလို့။
အအိပ်မက်တာကလည်း နှစ်ယောက်မရှိဘူး။ အလုပ်စဝင်ရမယ့်နေ့ကို စောစောထမယ် မရှိဘူး "

မိမိအတွက်နှင့် သူ့အတွက်ပါ ထမင်းချိုင့်ပြင်ဆင်ရင်း
ဗျစ်တောက်ဗျစ်တောက်ပြောနေသော အစ်မဖြစ်သူအား တစ်ချက်စွေကြည့်ပြီး

" အစ်မက သားကိုမနိုးတာလေ။ ပြီးတော့ ပြောသေးတယ် အသေကောင်လိုအိပ်နေတာကို ငါက နိုးစရာလားတဲ့။ နိုးရမှာပေါ့ ကိုယ့်မောင်အအိပ်မက်တာ သိသားနဲ့။ အစ်မဖြစ်ပြီး နည်းနည်းပါးပါးတောင် နားမလည်ဘူး "

ဟွန်းဟွန်း ဘယ်ရမလဲ ဟန်စစ်မင်း

" ဂွပ် "

" အ "

ဝမ်းသာအားရတဲ့ အတွေးလေးတောင် မဆုံးသေး ပုသလောက် ခြေမြန်လက်မြန် ရှိလှသော အစ်မဖြစ်သူကြောင့် ခွက်ဖြင့်အခေါက်ခံရသော မိမိခေါင်းအားပွတ်၍

" အစ်မ သားခေါင်းကို ဘာလို့ခွက်နဲ့ ခေါက်တာလဲ ဗျာ "

" ကိုယ့်ဘာသာ ဝိရီယထားပြီး အိပ်ယာထရမဲ့ကိစ္စကို ငါ့အပြစ်များ လှည့်လုပ်လိုက်သေး စား … မြန်မြန် "

ပြောပြီးလှည့်ထွက်သွားသော အစ်မအားကြည့်၍ ဟန်စစ် မျက်နှာရှုံပွပြီး ထမင်းဆက်စားနေလိုက်သည်။

နွေယွန်းယွန်းတစ်ယောက် ပန်းကန်တွေသုတ်နေရင်းမှ စူပုတ်ပုတ်နှင့် ထမင်းကြော်စားနေသော မောင်ဖြစ်သူအား ကြည့်ရင်း သက်ပြင်းတစ်ချက် ခိုးချမိသည်။

တစ်ရံရောအခါ.....Where stories live. Discover now