"လင်းကွာ။ ကိုကို့ ကို ကားဂိတ်တောင် လာမကြိုဘူး။"

"ကိုကိုပဲ လာမကြိုနဲ့ဆို။"

"ဟား ဟား။ နောက်တာပါကွာ။"

လင်းလက်ရဲ့ပါးနှစ်ဖက်ကို ဆွဲကာ ငယ်စဉ်ကလို ခေါင်းကိုဘယ်ညာရမ်းရင်း ရယ်နေသည့် ကိုကို့အပြုံးများသည် ချိုလွန်းပါသည်။

"လာ ကိုကို။ အိမ်ထဲဝင်ဦး။"

ဧည့်ခန်းရောက်သည်အထိ လင်းလက် ကိုကို့လက်ကိုဆွဲခေါ်ရင်း ဆိုဖာမှာထိုင်ခိုင်းရသည်။

"လင်း မှာတာတွေ ပါရဲ့လား။"

"ပါ ပါတယ်ဗျာ။ ပဲပုပ်ကြော်ရော၊ လက်ဖက်ခြောက်ရော မှာထားတာမှန်သမျှ အကုန်သယ်ခဲ့ပါတယ်။"

လင်းရဲ့အမေးကို ကိုကို လက်ဆောင်ထုပ်များကို ဖွင့်ပြရင်းဖြေပေမယ့် လင်းလက်က အစားအစာများကို စိတ်ဝင်စားဟန်မရှိ။

"ထားလိုက်ကိုကို။ နောက်မှကြည့်မယ်"

ဆိုကာ ဖျော်ရည်တစ်ခွက်ကိုသာ သူ့ရှေ့ချပေးသည်။

"လင်းမှာလိုက်တဲ့ ရှမ်းဝတ်စုံ ပါရဲ့လားလို့မေးတာ ကိုကိုရ။"

"ရှမ်းဘောင်းဘီနဲ့အကျီင်္လား။ ပါတယ် လင်း။"

"ဘယ်မှာလဲ ကိုကို။ အဆင်စုံဝယ်ခဲ့ရဲ့လားဟင်။"

အဖြေကိုပင်မစောင့်။ အ၀တ်အစားထည့်ထားသည့် သားရေအိတ်ကို ဇစ်ဖွင့်ကာ လင်းလက် ရှမ်းဝတ်စုံကို ရှာနေသည်။

"တော်တယ် ကိုကိုရာ။ လင်း လိုချင်တာ ဒီပုံစံလေးတွေ။"

ဝတ်စုံ သုံးလေးထည်ကို သားရေအိတ်ထဲမှဆွဲထုတ်ကာ ကြမ်းပြင်ပေါ်ပစ်ချရင်း လင်းလက် ၀မ်းသာအားရဆိုသည်။ ကြည်လင်သော ပလတ်စတစ်အိတ်ထဲ သပ်သပ်ရပ်ရပ်ခေါက်ထည့်ထားသော ရှမ်းဘောင်းဘီရှည်များနှင့် အကျီင်္င်္များမှာ ဟိုတစ်ခုဖြန့်၊ ဒီတစ်ခုထုတ်ဖြင့် ဆွဲထုတ်ထားသဖြင့် ကြမ်းပြင်ပေါ် ပြန့်ကျဲနေပြီဖြစ်သည်။ ပုံစံတူတွေပေမယ့် အရောင်စုံသည်။ အသားရောင်၊ အနက်ရောင်၊ ပင်နီရောင် ဘောင်းဘီရှည်များအပြင် ချည်သားအကျီင်္အပေါ်မှ အနားသတ် ကွေ့ဝိုက်နေသော အစင်းကြောင်းများဖြင့် ခန့်ညားစွာပုံဖော်ထားသည့် အကျီင်္အမျိုးမျိုးလည်းရှိသည်။

ဆူးWhere stories live. Discover now