Final~~

1.8K 196 112
                                        

Kyungsoo'pov

"အင်း...ငါတို့အသက်ကြီးမှပြန်တွေ့ကြတာပေါ့"

ဗူးအဖုံးလေးကိုသေချာစွာပြန်ပိတ်ပြီးနောက်Baekအားသူမကြားနိုင်မှန်းသိပေမဲ့လည်းတိုင်တည်ကာရေရွတ်မိသည်

ကျတော့်အားသတိရကာဒီလိုvedioလေးရိုက်ပေးသည့်အတွက်သူ့အားကျေးဇူးတင်သည်
ချစ်ခဲ့သည်ဆိုသည့်စကားလေးကြောင့်ပျော်ရွှင်သည်
သူ၏အသက်ကြီးလာရင်ပြန်တွေ့ကြမည်ဟူသောစကားကြောင့်ကျေနပ်မိသည်

သူပြောသလိုအစားပုံမှန်စား၊ကျန်းမာရေးဂရုစိုက်ကာပျော်ပျော်ရွှင်ရွှင်နေမည်
အသက်ရှည်အောင်၊ကျန်းမာအောင်ကြိုးစားရင်းသူဆက်သွယ်လာမည့်အချိန်ကိုကျတော်စောင့်မည်

သူနဲ့ပြန်တွေ့ရမည်ဆိုလျှင်ဘယ်လောက်ကြာကြာစောင့်နိုင်သည်


~*~*~*~What if~*~*~*~


"ဆံပင်တွေတောင်ဖြူလာပြီ"

အဝတ်ဖြင့်သုတ်နေ၍ကြည်လင်လာသောမှန်ပေါ်မှထင်နေသောကိုယ့်ပုံရိပ်ကိုယ်ကြည့်၍ရေရွတ်မိသည်
နှစ်ဖက်မြင်မှန်မို့ကိုယ့်ပုံရိပ်အားရေးရေးလေးသာမြင်ရပေမဲ့ထိပ်တွင်ထွက်နေသောဆံပင်ကိုသေချာမြင်ရသည်

"ငါကငယ်ပါသေးတယ် ရုပ်ဆိုးအောင်ဘာလို့ထွက်လာတာလဲ baekမြင်ရင်စမှာသေချာတယ်"

ထွက်နေသည့်တစ်ချောင်းထဲသောဆံပင်ဖြူကိုနုတ်ကာဆံပင်ဖြူအားရန်တွေ့လိုက်သည်
ပြီးလျှင်အောက်ကိုပစ်ချကာခြေထောက်နှင့်နင်းလိုက်သည်

"နောက်ခါထွက်မလာနဲ့"

ဆံပင်ကိုငုံကြည့်နေရာမှအကြည့်လွဲကာမှန်ကိုပြန်သုတ်လိုက်သည်

"ကလင်!"

ဆိုင်ထဲတစ်ယောက်ယောက်ဝင်လာရင်သိအောင်တံခါးအပေါ်တွင်တပ်ထားသောခေါင်းလောင်းလေးမှအသံထွက်လာတာကြောင့်တံခါးဘက်သို့ကြည့်လိုက်သည်

"ဘယ်လိုဖြစ်တာလဲ"

လက်တွင်ကျောက်ပတ်တီးစည်းလျက်ဝင်လာသောဆယ်ဟွန်းကြောင့်ပါးစပ်အဟောင်းသားဖြစ်ကာမေးလိုက်မိသည်

"လှေကားပေါ်ကပြုတ်ကျတာကွ"

"ဘယ်လိုဖြစ်တာ.."

What if~~[Completed]Where stories live. Discover now