💛 အပိုင်း ၃၉ 💛

30.6K 3.3K 174
                                    

" အန်​တီ့ကို သား ​ပြောစရာရှိလို့ပါ "

" ​အေး​အေး ​ပြော​လေ လွင်​​လေး ဘာ​ပြောမလို့လဲ "

" သားနဲ့ pigless ချစ်​သူ​တွေဖြစ်​​နေကြပါပြီ ။
အဲ့ဒါကို လက်​ခံ​ပေးပါ လို့ ​တောင်းဆိုမလို့ပါ "

" ...... "

ဘာစကားမှမ​ပြောပဲ ငြိမ်​သွားတဲ့ pigless ရဲ့
အ​မေ​ကြောင့်​ အခုန အားတင်းထားတဲ့ သတ္တိ​တွေ​တောင်
အလိုလို အ​ငွေ့ပြန်​သွားကြကုန်​ပြီ ။

" အန်​တီ ... "

" သတ္တိရှိလား "

" ဗျာ "

" pigless ကို လက်​တွဲပြီး လူကြားထဲသွားဝံ့လား "

" ဟုတ်​ သွားဝံ့ပါတယ်​ "

" အို​ခေ သွားဝံ့တယ်​ဆိုရင်​ လက်​တွဲသွားပါ ။
ဒီလိုမျိုး အ​ခြေအ​နေ​တွေ ဖြစ်​လာမယ်​မှန်း အန်​တီ
အစကတည်းက သိပြီးသားမို့ အန်​တီ မအံ့သြတာ
မဆန်း​လောက်​ပါဘူး ။

သမီးက ဘယ်​သူမှ မ​ပြောပြပါပဲ သူ့ဘာသာ
LGBT supporter တစ်​​ယောက်
ဖြစ်​သွားခဲ့တာရယ်

လွင့်​ကို ပြန်​ရှာ​တွေ့ပြီလို့ ​ပြောတုန်းက
အရင်​ကထက်​ ပို​ပျော်​ရွှင်​​နေပုံရတဲ့ သမီးပုံစံ​ကြောင့်
အန်​တီသိ​နေခဲ့​ပေမယ့်​ ..

အန်​တီ​ကြောက်​တယ်​ ။ ဒီလို relationship မျိုးဆိုတာ အန်​တီတို့လူမျိုး​တွေအ​နေနဲ့က လုံးဝကို လက်​မခံနိုင်​တဲ့ အရာတစ်​ခုဆို​တော့ ..

တစ်​ခုခုဆို အန်​တီ့သမီး​လေး ဝမ်းနည်းပူ​ဆွေးရမှာမျိုး
အန်​တီ မမြင်​ချင်​ဘူး ။ "

" သား ကတိ​ပေးပါတယ်​ ။ pigless ဝမ်းနည်းရမယ့်
အဖြစ်​မျိုး ဘယ်​​တော့မှ ဖြစ်​မလာ​အောင်
သားကြိုးစားပါ့မယ်​ "

" အန်​တီ သမီးကို ယုံကြည်​ပါရ​စေ လွင်​ "

Pigless အ​မေဆီက ခွင့်​ပြုချက်​ရပြီးတဲ့​နောက်
ကျောင်းကိုသာ ထွက်​လာခဲ့လိုက်​တယ်​ ။

Pigless ကိုအသိမ​ပေးပါပဲနဲ့ လုပ်​လိုက်​ရတဲ့ကိစ္စ​ဖြစ်
ပေမယ့်​ အခုလို သတင်း​ကောင်းကြားခဲ့ရတဲ့အတွက်
ကိုယ့်​လုပ်​ရပ်​ကို သ​ဘောကျမိတယ်​ ။

အ​ချေလွန်​​သော Crush  😈 အချစ်​လွန်​​သော ကျွန်​​တော်​ 😒 ( Completed )Where stories live. Discover now