ထပ်ပြဿနာမဖြစ်အောင် မနက်မှ တွေ့မယ်ဆိုပြီး ပြန်ခိုင်းလိုက်တာကို သူက ကျနော့်ကို အထင်လွဲသွားပြီး မျက်ရည်တွေနဲ့ ထွက်သွားတာ မြင်လိုက်ရတော့ ရင်ထဲ တော်တော်လေးစိတ်မကောင်း ဖြစ်သွားမိတယ် ...

ညရောက်တော့လည်း တစ်ညလုံး မအိပ်နိုင်ဘူး
သူ့ကို မနက်ဘယ်လိုပြန်ချော့ရမလဲဆိုပြီး စကားလုံးတွေတန်းစီးပြီးစဉ်းစားနေရတာ လင်းခါနီးလောက်မှပဲ မှေးခနဲ အိပ်ပျော်သွားတော့တယ်

မနက်ကျောင်းကိုရောက်လာတော့ ထင်ထားသလို သူက ကျနော့်ကို စိတ်မဆိုးပဲ မနေ့ကိစ္စကို သူ့ဘက်ကစပြီး တောင်းပန်နေရှာ​တော့ .. အဆင်​​ပြေဖို့သာကြိုးစားမိသည်​။

*************************************

ပြဿနာအားလုံးရဲ့အစက သူ့ရဲ့အထင်​လွဲမှားမှူက စတင်​ခဲ့သည်​။

ဒီလိုနဲ့ တစ်ရက်မှာ သူကအိမ်ကို လာခေါ်ရင်း photo making လုပ်စရာရှိလို့ ဒီနေ့ ကျောင်းမတက်နိုင်ဘူး ပြောပြီး ကျောင်းရှေ့မှာ ချပေးသွားခဲ့တယ်

ကျောင်းထဲဝင်မလို့ လုပ်တော့ Hunnieက ရောက်လာပြီး coffee မှုန့်အသစ်တွေ ရောက်လာလို့ အရသာမြည်းပေးဖို့ လာခေါ်သွားတယ်...

သူလည်း မရှိတာနဲ့ ပြဿနာမဖြစ်လောက်ပါဘူး တွေးပြီး hunnieနဲ့ အတူတူ လိုက်သွားခဲ့မိတာ...

သူအထင်လွဲရလောက်တဲ့ အထိ ဖြစ်ရပ်မျိုးတွေ ဖြစ်လာမယ်ဆိုတာ ကြိုသိခဲ့လို့ရှိရင် ကျနော်လိုက်သွားခဲ့မိမှာ မဟုတ်​လောက်

ဆိုင်ရောက်တော့ Hunnieက အပြင်သွား စရာရှိလို့ဆိုပြီး ရေချိုးခန်းထဲ ဝင်ပြီး ရေချိုးနေတယ်...

ကျနော်ကတော့ Hunnie အခန်းထဲမှာပဲ coffee တစ်ခွက်နဲ့ အရသာ အဆင်ပြေမပြေ customerတွေ သဘောကျလာပါ့မလား စစ်ဆေးနေခဲ့တာလေ

ကျနော့်ရဲ့ နမော်နမဲ့ နိုင်မှုကြောင့် သောက်နေရင်း ကော်ဖီခွက် လွတ်ကျကွဲသွားတယ် ...

ဖန်ကွဲစတွေ ကောက်ဖို့ လုပ်နေတုန်းမှာပဲ ကော်ဖီရည်တွေနဲ့ ချော်ပြီး လဲကျသွားမလို ဖြစ်သွားတယ်

Hunnieက ရေချိုးခန်းထဲက ထွက်အလာ ကျနော်လဲကျမလို ဖြစ်သွားတာကို တွေ့သွားပြီး အပြေးလှမ်းဆွဲထိန်းလိုက်တာ ပခုံးက အကျီစကို ဆွဲမိပြီး ဖြဲလိုက်သလို ဖြစ်သွားတယ်

RED TEAR ( Completed )Where stories live. Discover now