အခန်း (၇) အပိုင်း(၁)

11.9K 1K 45
                                    

အခန်း (၇)

အခန်း (၇)

"​ဝေါ့..''

တုန်းဖန်း​ယောင်​ရယ်​ လှည်းအပြင်​မှာအန်​​နေပြီး ​ပေထန်​​ယောင်​ယွဲ့ က သူ့​ကျောကိုပွတ်​​ပေး​နေသည်​။ ''တကယ်​ပါပဲ...ကိုယ့်​ကိုယ်​ကို ယာဉ်​မူးတတ်​မှန်းသိသားနဲ့ ဘာလို့လှည်း​စီးချင်​​နေတာလဲ။ မြင်းနဲ့သွားတာကမှပိုမြန်​အုန်းမယ်​''

တုန်းဖန်း​ဟောင်​ရယ်​ ​ဖျော့​တော့စွာနဲ့​ယောင်​ယွဲ့ကိုမှီထားပြီး သူတို့အ​ခြွေအရံ​တွေလည်း နား​နေကြသည်​။ ​ရှောင်​တုန်းကချက်​ချင်း​ရေတစ်​ခွက်​ယူလာ​ပေးသည်​။

တုန်းဖန်း​ဟောင်​ရယ်​ မျက်​ရည်​​ဝေ့​နေတဲ့မျက်​လုံး​တွေနဲ့ ​ယောင်​ယွဲ့ကိုကြည့်​ပြီး ဘာလို့သူ့စိတ်​ကိုနားမလည်​ရတာလဲဟု မျက်​လုံးဖြင့်​​ပြော​နေသည်​။ သူအိမ်​​တော်​ကို​နောက်​ကျမှ​ရောက်​ချင်​လို့မဟုတ်​ပါဘူး။ သူ​ယောင်​ယွဲ့​ပေါင်​​ပေါ်မှာအိပ်​ချင်​လို့​လေ။ ဒါ​ပေမယ့်​မိုင်​နည်းနည်းပဲရှိ​သေးတယ်​ သူသုံး​ခေါက်​အန်​ပြီးပြီ မ​ရောက်​​သေးဘူး။

"​ယောင်​ယွဲ့.... ကိုယ့်​ကို မဖက်​ခိုင်း​တော့ဘူးလားဟင်​''

ပေထန်​​ယောင်​ယွဲ့ စိတ်​ရှုပ်​လာပြီး​အော်​ပစ်​လိုက်​သည်​။ ''ပိတ်​ထားစမ်း!"

တုန်းဖန်း​ယောင်​ရယ်​ မျက်​နှာစူပုတ်​ပြီး လှည်း​ပေါ်ပြန်​တက်​လာသည်​ ''ကိုယ်​တို့မြင်းစီးပြန်​ရင်​မြို့​တော်​ကိုမြန်​မြန်​​ရောက်​မှာသိတယ်​။ ယွင်​ချူးကမြန်​တယ်​ဆို​ပေမယ့်​ ကိုယ်​တို့မြန်​မြန်​ကြီးပြန်​စရာမလိုပါဘူး''

"မင်းကအိမ်​​တော်​ခွဲမှာပဲနေပြီး မပြန်​​တော့ဘူးလား''

"အဲ့လို​တော့မဟုတ်​ပါဘူး'' တုန်းဖန်း​ယောင်​ရယ်​က ​ယောင်​ယွဲ့ ကိုဖက်​ပြီး ရင်​ဘတ်​နားမှာကပ်​ကာ​ဖြေသည်​။ ''အိမ်​​တော်​မှာက ကိစ္စ​တွေအများကြီးပဲ စိတ်​ရှုပ်​တယ်​။ မင်းနဲ့အတူအခြားအိမ်​​တော်​မှာ​နေရတာက အရမ်းသက်​​တောင့်​သက်​သာရှိတယ်​''

ချစ်​​သောဝမ်​​ဖေး (ဘာသာပြန်​)Where stories live. Discover now