" ဟယ် မထင်ရဘူးနော် …Kက တော်တော် ကြောက်စရာကောင်းတယ်…Jongin ဘယ်လိုလုပ်မလဲ…သူက အရမ်းချစ်တဲ့ပုံပဲ…ရင်လေးပါတယ်"

"Chanyeol accident ဖြစ်တဲ့ညကလေ party ပွဲမှာ Yeon နဲ့တွဲကနေတာ မြင်လို့ ပြဿနာဖြစ်သေးတယ် သူဖောက်ပြန်ပြီး သူက စိတ်ဆိုးပြီး ထွက်ပြေးသွားသေးတာ…အဲနေ့ညက သူ Lay အိမ်မှာ အိပ်ခဲ့တာ… Lay ကလည်း Kyung Soo ကို ကြိုက်နေတာပဲ သူတို့ချင်းလည်း ကင်းမယ်လို့မထင်ဘူး…"

"Lay ရယ် Sehun ရယ်  Min Yeon ရယ် သူတို့ သုံးယောက်လုံးက  ခွင့်လွှတ်ပြီး မသိချင်ယောင်ဆောင်နေလို့ သူအကုန်ပြိုင်တွဲရတာပေါ့"

"Chanyeolလည်း သိသိကြီးနဲ့ ဖြတ်မှမဖြတ်ခဲ့တာ…မကဘူး လေးယောက်ပြိုင်တွဲထားတာ…ဝေစား မျှစားပေါ့"

ဆက်ပြီး နားထောင်နေရင် အုပ်စုဖွဲ့ အလုအယက်ပြောနေတဲ့ အဲဒီမိန်းကလေးအုပ်စုကို ထသတ်မိလိမ့်မယ်။

မသိသလို လှည့်ထွက်မယ် လုပ်ပြီးမှ သူတို့ချင်းဆက်ပြောနေကြမှာစိုးလို့ စာကြည့်တိုက်ထဲ ဝင်လိုက်ပြီး

"Kyung Soo မကောင်းကြောင်း ပြောနေတာ ဒါပထမဆုံးနှင့် နောက်ဆုံး ဖြစ်ပါစေ နောက်တစ်ခါ ငါထပ်ကြားရလို့ကတော့ မင်းတို့တစ်အုပ်စုလုံး ပိုင်ရှင်မဲ့အလောင်းတွေဖြစ်သွားမယ်"

ပါးစပ်အဟောင်းသားနဲ့ မျက်နှာပျက်ယွင်းစွာ ကျန်ခဲ့တဲ့ ထိုအုပ်စုကို ကျောခိုင်းကာ ဘယ်မှဆက်မသွားချင်တာကြောင့် အတန်းရှိရာဆီသာ ပြန်လာဖြစ်သည်။

ကောင်မလေးတွေကိုသာ အခုလို ပြောပြီး ထွက်လာရပေမဲ့ သံသယက မပျောက်သွား.။

သူဘာတွေလုပ်ခဲ့လို့ အခုလိုမျိုး သူများပြောခံရလောက်တဲ့အထိ သတင်းတွေ ထွက်လာတာလဲ။

တစ်ကယ်ပဲ ကျနော်က သနားစရာကောင်းနေပြီလား။

တစ်နေကုန် စိတ်တွေက သင်ခန်းစာတွေဆီ မရောက်သလို ခဏဆိုပြီးပြောထွက်သွားတဲ့ သူနှင့် Lay
ကျောင်းဆင်းခါနီးလောက်မှ အတန်းထဲ ပြန်ရောက်လာခဲ့သည်။

" ဘာလို့ ဒီလောက်ထိကြာနေတာလဲ "

အနားလာထိုင်တဲ့ သူ့ပခုံးကို အသာဆွဲဖက်ပြီး  မေးလိုက်တဲ့အခါ

RED TEAR ( Completed )Donde viven las historias. Descúbrelo ahora