"Jongin က တစ်ကယ်တမ်းကျတော့ သနားစရာကောင်းပါတယ်…သူက Kကို ချစ်လို့ အကုန်ပတ်ရမ်းနေတာ နားလည်ပေးလို့ရပေမဲ့ ဘယ်လိုမှ K စိတ်ကို ငါတော့ နားမလည်ဘူး…တစ်ခုပဲ စိတ်ပူတယ်…Chanyeolတုန်းကလို ဖြစ်မသွားစေဖို့"

"Kမှာ ပုံစံနှစ်မျိုးရှိတယ်…ငါတို့သိထားတဲ့  Do Kyung Soo လို ဖြူစင်တဲ့ပုံစံမဟုတ်ပဲ ညှို့အားပြင်းပြီး ဆွဲဆောင်မှုရှိတဲ့ယောက်ျားတစ်ယောက်ပုံစံမျိုး…အဲနေ့ညက clubမှာ သူသာ ငါ့ကို စနှုတ်မဆက်ရင် ငါ သူလို့တောင် ထင်မိမှာမဟုတ်ဘူး"

ကောင်မလေးတွေပြောနေတာကို ဒီအတိုင်းပဲ ကြားနေရသည်။ ဘာဆက်ပြောမလဲ သိချင်တာနဲ့ အသံမပေးပဲ တံခါးနားကပ်ပြီး ဆက်နားထောင်လိုက်သည်။

"ငါမြင်ဖူးတယ်…လွန်ခဲ့တဲ့နှစ်လလောက်က သူBarမှာ မူးပြီး ဝန်ထမ်းတွေကို ပြဿနာရှာလို့ Lay ရောက်လာပြီး ဆွဲခေါ်သွားတာ…"

"အဲတုန်းက သူ Chanyeolနဲ့တွဲနေတာပဲ…Chanyeolမလာဘူးလား"

"နင် တစ်ကယ် မသိခဲ့ဘူးလား…Chanyeolကို သူ Cover အဖြစ် တွဲထားတာ…အဲဒါသိသွားလို့ သူတို့ချင်းပြဿနာတွေတက်ပြီး တစ်ပတ်လောက် မခေါ်နိုင် မပြောနိုင် ဖြစ်သွားသေးတာပဲ…အဲတုန်းက Kကို ဘာမသိပဲ သနားမိခဲ့သေးတာ…နောက်ပိုင်းဘယ်လိုတွေ ချော့လိုက်လို့ ပြေလည်သွားတာလဲတော့မသိဘူး"

"အဲဒါတော့ မသိဘူး…သူက Sehun နဲ့ အရင်တွဲခဲ့တာ…တစ်အိမ်ထဲအတူတူနေခဲ့တာပဲ…Sehun မိဘတွေက အစက Sehun နဲ့ သဘောတူပြီး နောက်ကျ သားနဲ့မဟုတ်ပဲ သမီးနဲ့ပြောင်းသဘောတူတာလား…အဲဒါမှာ သူ Sehun အိမ်က ဆင်းလာတယ်…တစ်ယောက်ထဲ အိမ်ခွဲနေတယ်…Chanyeolနဲ့တွဲတယ်…Forestဆိုင်လေ အဲမှာ သူတို့ Coffeeဆိုင် ဗန်းပြပြီး ချိန်းကြတယ်"

"ဟုတ်တယ် Lay က Sehun သူငယ်ချင်းပဲ…သူတို့သုံးယောက် တိုင်ပင်ပြီး Park Chanyeolကို အသုံးချတာ… Sehun မိဘတွေမရိပ်မိဖို့…သူသာ Chanyeolကောင်လေးဆို အနည်းဆုံးတော့ Sehun နား အေးဆေးနေလို့ရပြီလေ "

"သူက အေးဆေးနေလို့ရမယ် ထင်ပေမဲ့ Chanyeolရဲ့ ဒဏ်တွေမခံနိုင်တော့ Chanyeolကို ဖြတ်ပြီး Sehun ညီမ Min Yeon ဆီရောက်သွားတယ်…ဟိုကလည်း သူ့အစ်ကို ကြောက်တော့ အလိုက်သင့်ပြန်တွဲပေးရင်း သူနဲ့ Sehun က Coffee ဆိုင်မှာ ဇာတ်လမ်းပြန်ဆက်…အဲအချိန် Chanyeol Caseဖြစ်သွားတော့ Yeon က ဆက်မကူညီရဲတော့ဘူး…Jongin ရောက်လာတော့ သူ့ပစ်မှတ်ပြောင်းသွားတယ်… Lay အကူညီလည်း ပါမှာပေါ့…အဆင်မပြေရင် Yeon  ဆီထပ်ရောက်ဦးမှာပဲ"

RED TEAR ( Completed )Where stories live. Discover now