ဒီအချိန်ဒီလိုမှ မလုပ်ရင် နောက်ကျရင် သူပိုခံစားရမှာ မဖြစ်သေးပါဘူး​လေ

အားတင်းပြီး ဟန်ဆောင်ရယ်လိုက်ရင်း

" ဘာတွေလာပြောနေတာလဲ ကောင်လေး... ငါက မင်းလို ကောင်လေးတစ်ယောက်ကို ရူးလို့ ချစ်သူတော်နေပါ့မလား ... ငါ မမှတ်မိတော့ဘူးဆိုပြီး လိမ်ဖို့ မကြိုးစားနဲ့"

" တစ်ကယ်ပြောနေတာပါ ဒီမှာ လက်စွပ်တွေက သက်သေပဲလေ "

ကျနော့်လက်တွေကို ဆုပ်ကိုင်လာပြီး သူ့လက်က လက်စွပ်ကိုပြရင်း သက်သေတွေပြနေခဲ့တဲ့သူ

ကျေးဇူးပြု၍ ကိုယ့်​ကို ဒီ​လောက်​နဲ့ စွန့်​လွှတ်​လိုက်​ပါ​တော့ Dyo

" sorry တစ်ကယ်ဆိုရင်တောင် အရင်တုန်းက အကြောင်းတွေကို မမှတ်မိတော့လို့ မင်းကို မသိတော့လို့ ဆက်ပတ်သက်ဖို့ မဖြစ်နိုင်တော့ဘူး "

" အခု မမှတ်မိလည်း နောက်မှတ်မိလာအောင် Dyo ကြိုးစားပါ့မယ် ... မပတ်သက်တော့ဘူးဆိုတဲ့ စကားမပြောပါနဲ့နော် ...  အရမ်းနာကျင်ပြီး မခံစားနိုင်လွန်းလို့ .. ​တော်​ပါ​တော့ "

" မင်းမခံစားနိုင်ရအောင်က ငါမှ မင်းကို မသိတာ ငါမှတ်မိတာက ငါဒီကိုပြန်လာတာ ငါ့သူငယ်ချင်း Chanyeol ကိုတွေ့ဖို့ ... အခု သူဘယ်ရောက်နေတာလဲမသိ ... ငါ့တောင်လာမတွေ့ဘူး ... နေပါဦး ငါကလည်း ဘာလို့ ဆေးရုံရောက်နေရတာလဲ "

တစ်ကယ်ကို ဘာမသိဘူးဆိုတဲ့ အူလည်လည် မျက်လုံးလေးတွေနဲ့ ကြည့်ပြီးမေးလိုက်တဲ့အခါမှာ

သူက ဘာပြန်ပြောလို့ ပြောရမှန်းမသိတဲ့ ပုံစံနဲ့သာ မျက်​လုံး​တွေ ပြူးကျယ်​ဝိုင်းစက်​လာလျက်​ ကြည့်နေခဲ့သည်​။

မွန်းကြပ်​လှတဲ့ ဒီအ​ခြေအ​နေကြီးကို ကျ​နော်​ မြန်​မြန်​အဆုံးသတ်​ချင်​ပြီ။

အခန်းထဲကို round အလှည့်ကျတဲ့ Doctor နှင့်အတူ Lay ဝင်လာတာ မြင်လိုက်တော့
" Doctor ကူညီပါ Kaiကလေ ကျနော့်ကို မမှတ်မိတော့ဘူးတဲ့ "

သူက အားကိုးတကြီး အကူညီတောင်း​နေလျက်​။

" ဒါက ခေါင်းကိုထိထားလို့ မှတ်ဥာဏ်တစ်ချို့ ပျောက်ဆုံးသွားတာ ဖြစ်နိုင်တယ် စိတ်မပူပါနဲ့ ဒါမျိုးတွေဆိုတာက နောက်ကျရင် တိုက်ဆိုင်မှုတွေ ရှိလာခဲ့တဲ့အခါ ပြန်အမှတ် ရလာနိုင်မှာပါ "

RED TEAR ( Completed )Where stories live. Discover now