အစကတော့ နာကျည်းမှုတွေနဲ့ ဖြေသိမ့်ဖို့ ကြိုးစားပေမဲ့လည်း ကိုယ်ပဲ ပင်ပန်းပြီး သူ့ကို မေ့လို့မရ နောက်ဆုံးတော့လည်း
အချစ်ကြောင့် စုံလုံးကန်းနေတဲ့ ကျ​နော်​က သူကလွဲ ဘာဆိုဘာမှမသိတော့တဲ့သူ ဖြစ်သွားတာ အရင်အတိုင်းပါပဲ

သရဲအိမ်ထဲက ထွက်လာတော့ သူ့ပခုံးကို လှမ်း​​ဖက်ပြီး ဒီနေ့ အမှတ်တရဖြစ်အောင်ဆိုပြီး အတူတူ ဓာတ်​ပုံ ရိုက်လိုက်​သည်။ သူ့တစ်ယောက်တည်းပုံတွေပဲ ရိုက်လာခဲ့တာဆို​တော့ အခုလို စုံတွဲပုံ​တော့ တစ်ခါမှ မရိုက်ဖူး။

ပုံကို ကြည့်ပြီး ကိုယ့်ကို ကြည်နူးနေရင်း အကြံရသွားလို့ ဘေးနားက ဖောင်တိန်လေး ယူပြီး ဓါတ်ပုံနောက်မှာ စာတစ်​ ​ကြောင်း​ကောက်ရေး လိုက်သည်

l love you so much
please, forever stay with me

" ဘာရေးတာလဲ "

အနားကို ကပ်​လာပြီး စပ်​စု​နေသည့်​သည့်​ သူ့​ကို

" သိချင်လား "

" သိချင်လို့ မေးတာပေါ့ "

ပါးလေး သူ့ရှေ့ထိုးပေးလိုက်ပြီး

" အာဘွားပေးရင် ပြမယ် "

" လူလည်ကြီး အရမ်းလူလည်ကျတယ် "

သူ့နှုတ်ခမ်းဖူးဖူးက ပါးပြင်ပေါ် ခပ်​နွေးနွေးလေး ကျရောက်လာခဲ့သည်​။

သူသိချင်တယ်ဆိုတဲ့ ဓာတ်​ပုံ နောက်​ကျောက စာကိုပြလိုက်​​တော့

"အမြဲတမ်း ​DD ကို ဘေးနားမှာရှိ​နေ​စေချင်​တယ်​​ပေါ့"

"​သေချာတာ​ပေါ့..​ အမြဲ​ဘေးနား​ခေါ်ထားမှာ..ထာဝရအဆုံးထိ..ဘယ်​လိုလဲ ​နေမှာလား ..ကိုယ့်​ရဲ့​ဘေးနားမှာ​လေ"

"​နေမှာ​ပေါ့..DD မရှိရင်​ Yeollie တစ်​​ယောက်​တည်း ​နေနိုင်​လို့လား.."

"မ​နေနိုင်​ပါဘူး..ဒါ​ကြောင့်​ ဘယ်​ကိုသွားသွား ​ခေါ်သွားမှာ..ကိုယ်​ အမြဲဘာဆု​တောင်းလဲသိလား.. ကိုယ်​ဘယ်​ကိုပဲသွား သွားရ .. ကိုယ့်​​ဘေးမှာ အမြဲDDရှိ​နေပါ​စေလို့"

"Yeollie ​​ဘေးနားရှိ​နေ​ပေးပါ​ပြောပြီး ဟို​နေ့​တွေကလို DD ကို အရင်​ ထားသွားရင်​​တော့ DD က အခုလိုပဲ Yeollie ​ဘေး မ​ရောက်​​ရောက်​​အောင်​ ပြန်​လာမှာ​နော်​"

RED TEAR ( Completed )Where stories live. Discover now